ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ရှီးဆန်းဒေသ ဟော်ဖင်ပင်လယ်စာကုန်သွယ်ရေးဈေးကွက်မှ ပင်လယ်စာ ရောင်း ဝယ်ရေးကုန်သည်များ၏ ပြောကြားချက်အရ ၄င်းတို့သည် အဓိကအားဖြင့် ဂဏန်းများကိုသာ တင်သွင်းရကြောင်း သိရသည်။ ထို့အပြင် နေ့စဉ်သွင်းကုန်များတွင် မြန်မာ့ ဂဏန်းသည် ၁ တန်နှင့်အထက်ရှိပြီး ဗီယက်နမ်ဂဏန်း၊ ဘင်္ဂလားဒေ့ရှ် ဂဏန်းအချို့လည်း ပါဝင် ကြောင်း သိရပါသည်။ မြန်မာ့ဂဏန်း၏ထူးခြားအားသာချက်မှာ ရေနှင့်ကင်းကွာသွားခဲ့လျှင်ပင် ဂဏန်းများသည် သေဆုံးရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် ပင်လယ်စာဈေးကွက်သို့ရောက်လျှင် မိသားစုနှင့် အိမ်သားများသည် အလျင်မြန်ဆုံးနည်းဖြင့် အသက်ရှင်နေသော၊ ကောင်းမွန်သော ဂဏန်းများကိုရွေးချယ်ပြီး ကျဲကျန်းနှင့် ကွမ်ကျိုး မြို့များသို့ တင်ပို့ကြရကြောင်း သိရပါသည်။ မြန်မာ့ဂဏန်းအများစုသည် ကုန်းကြောင်းမှတစ်ဆင့် ယူနန်ပြည်နယ်သို့ တင်သွင်းကြပြီး သယ်ယူ ပို့ဆောင်ရေးကုန်ကျစရိတ် နည်းပါးကြောင်း၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံမြို့ကြီးအသီးသီးသို့ အဓိကတင်သွင်းသောပင်လယ်စာထွက်ကုန်ပစ္စည်းများထဲမှတစ်ခုပင်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ ဂဏန်းတင်သွင်းမှုသည် နယ်မြေဒေသအားသာချက်ရှိခြင်း၊ တရုတ်နိုင်ငံရှိ အခြားဒေသများသို့ ဖြန့် ဖြူးရောင်းချရာတွင်လည်း ဈေးနှုန်းအား သာချက်များရှိခြင်းကြောင့် ယူနန်ပြည်နယ် ဒေသများတွင် မြန်မာ့ဂဏန်းများကို ကျယ်ပြန့်စွာ စားသုံးလာကြကြောင်း ကုန်သည်များထံမှ သိရပါသည်။
သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နည်းပါးခြင်း အားသာချက်များကြောင့် ယူနန်ပြည် နယ်တွင် မြန်မာ့ဂဏန်းကို ကျယ်ပြန့်စွာ စားသုံးကြပါသည်။ ကူမင်းဈေးတွင် ရောင်းချသော ဂဏန်းချဉ်စပ်သည်လည်း မြန်မာ့ဂဏန်းများပင်ဖြစ်ကြောင်း သိရပါသည်။ ယခင်က မြန်မာ့ဂဏန်း သည် ဈေးကွက်တွင် တစ်ကီလိုဂရမ်လျှင် သုံးလေးယွမ်ဈေးနှုန်းသာ ရှိပြီး ယခုအခါ တစ်ကီလို ဂရမ်လျှင် (၈၀) ယွမ်အထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပင်လယ်စာထွက်ကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ၀ယ်ယူအားများလည်းကျဆင်းခဲ့ပြီး ယူနန်ပြည်နယ်၏ ပင်လယ်စာ ဈေးကွက်သည်ခြုံငုံသုံးသပ်မည်ဆိုလျှင်ဈေးကွက်စီးပွားသိပ်ကောင်းလှသည်တော့မဟုတ်ပါ။
(ယူနန်စီးပွားရေးနေ့စဉ်သတင်းစာမှ ကောက်နှုတ်ဖော်ပြသည်)