ဒေါ်လာဈေး တက်သည့် အနေအထားသည် ဈေးကစားသည့် အနေအထား ဖြစ်

2016-12-08 11:35:15 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

သည်ရက်ပိုင်းတွင် ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၃၅၀ကျပ် အထက်တွင် ရှိနေကြောင်း ၊ လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးတက်သည့် အနေအထားသည် ဈေးကစားသည့် အနေအထား ဖြစ်ကြောင်း အဆိုပါကိစ္စအား အစိုးရ အနေဖြင့် အဖြေရှာရန်လိုအပ်ကြောင်း KBZ ဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆင်ဟွာကို ပြောသည်။

ဦးသန်းလွင်က “ အခုလက်ရှိက အပြင်ဈေးကွက်မှာ ဈေးကစားနေကြတာက အဓိကကျနေတယ်။ ဈေးကစားတဲ့ သူတွေရှိလို့ ဆက်တိုက်တက်နေတာဆိုတော့ ဈေးကစားတဲ့ သူတွေကို ဘယ်လိုထိန်းချုပ်မလဲ။ လိုအပ်တဲ့မူဝါဒတွေကို ဘယ်လိုချမှတ်မလဲ အဲ့ဒီ့အချက်တွေကို အစိုးရအနေနဲ့လည်း ပညာရှင်တွေဆီက အကြံဥာဏ်ယူသင့်တယ်’’ ဟုပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် တစ်ဒေါ်လာပေါက်ဈေး ၁၃၃၈ ဒေါ်လာ ရှိပြီး ယခုရက်ပိုင်းတွင်း ဒေါ်လာဈေး ဆက်တိုက်မာလာခြင်းဖြစ်ကြောင်း သိရသည်။ 

ဒေါ်လာဈေးကွက်စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “လက်ရှိအနေအထားကတော့ ဈေးက ကျစရာတော့ သိပ်မရှိဘူး။ အခုတက်နှုန်းတွေက တစ်ဒေါ်လာ ၁၄၀၀ ကျပ်အထိ တက်ဖို့ သွားနေသလို ရှိပေမယ့် သိပ်တော့ မဖြစ်နိုင်ဘူးထင်တယ်။ ဈေးနှုန်းကတော့ ခန့်မှန်းရခက်တဲ့ အနေအထားပါပဲ’’ ဟုပြောသည်။ 

နိုဝင်ဘာလ ၂ ရက်နေ့တွင်  ပြင်ပဈေးကွက်၌  အမေရိကန်တစ်ဒေါ်လာ ၁၃၅၅ ကျပ်၊ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၁၇၅ ဒေါ်လာ၊ မြန်မာ့ရွှေဈေးတစ်ကျပ်သား ကျပ်၈၅၇,၀၀၀ ၊ စကာင်္ပူတစ်ဒေါ်လာ ၉၅၀ ကျပ်ပေါက်ဈေးရှိသည်။  (Xinhua)