တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပန်း များ ထျိန်ရှန်တောင်အောက်တွင် ဝေေ၀ဆာဆာပွင

2016-05-16 17:18:15 |သတင်းအရင်းအမြစ် 《吉祥》杂志

    လက်ရှိကာလတွင်စင်းကျန်းဝေဂါလူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်တွင်“တိုင်းရင်းသား

စည်းလုံးညီညွတ်ရေးတိုးတက်မှုနှစ်”အစီအစဉ်စည်းရုံးရေးအစည်းအဝေးကိုကျင်းပခဲ့ပါသည်။

၁၉၈၃ခုနှစ်မှစတင်လျက်နှစ်စဉ်မေလတိုင်းတွင်“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပညာပေး ဟောပြောရေးလ”အစီအစဉ်ကျင်းပရာ၊ယခုနှစ်အထိနှစ်ပေါင်း၃၀ကျော် ဆက်တိုက်ကျင်းပခဲ့ပါ

သည်။ယခုနှစ်တွင်“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပညာပေးဟောပြောရေးလ”ကို“တိုင်း

ရင်းသားစည်းလုံးညီညွတ်ရေးတိုးတက်မှုနှစ်”အဖြစ်အဆင့်မြှင်တင်ပေးခြင်းသည် တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးတိုးတက်ရေးလုပ်ငန်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုဖြစ်ပါသည်။

    ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ထူထောင်ပြီးနှစ်ပေါင်း၆၀အတွင်းအထူးသဖြင့်စင်းကျန်း

လုပ်ငန်းဆွေးနွေးပွဲကျင်းပပြီးသောနောက်ပိုင်းတွင်စင်းကျန်းပြည်နယ်သည်ကြီးမားစွာပြောင်းလဲလာခဲ့ပါသည်။ ယခုလိုပြောင်းလဲမှုများသည် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ကင်းကွာလို့မရပါ။တစ်ချိန်တည်းတွင်စင်းကျန်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ငန်း

များအတွက်ခိုင်မာသောအခြေခံအုတ်မြစ်ကိုချမှတ်နိုင်ခဲ့ပါသည်။ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ဖွံ့

ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဌကျန်းချွန်းလင်းကပြောကြားသည်မှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မတီအဆင့်ဆင့်တို့သည်အလုပ်အကိုင်အခွင့်အ

လမ်းဖန်တီးပေးရေး၊ပညာရေး၊အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ဆင်းရဲသူများကို အကူအညီပေးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးစသောတိုင်းရင်းသားပြည်သူများစွာစိတ်ဝင်စားသော

ပြည်သူလူထု၏ဘ၀အဆင့်အတန်းမြှင့်တငရေးဆိုင်ရာလုပ်ငန်းများကိုအဓိကထားလျက်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

“ခင်ဗျားတို့၏ခရမ်းချဉ်သီးပင်ကအလွန်မြင့်တက်သည့်အတွက် အပေါ်ဆုံးအစိတ်အပိုင်းကို ဖြတ်ရမည်ဖြစ်ပါကြောင်း။ယခုလိုလုပ်မှအသီးကောင်းလျက်၊အလုံးလည်းကြီးနိုင်မည်ဖြစ်ပါ

ကြောင်း။”မတ်လ၂၈ရက်နေ့တွင်ဟယ်ထျိန်ခရိုင်စိုက်ပျိုးရေးဇုန်စီမံခန့်ခွဲရေးကော်မတီနှင့်ယုန်စင်

ရွာ(ဟယ်ရှယ်ရွာသစ်အိမ်ယာစီမံကိန်းအဆင့် ၂ )နေ ရွာသားထူရယ်နီယာချီမီထျိန်လာပိုင်သော ခရမ်းချဉ်သီးစိုက်ခြံဖြစ်သောGreenHouseအတွင်းကျေးရွာကော်မတီဥက္ကဌ၀မ်ယွိဟုန်ကရေ

လည်သောဝေဂါစကားဖြင့်ဘာသာပြန်လုပ်နေလျက်၊ထူရယ်နီယာချီအားခရမ်းချဉ်သီးစိုက်ပျိုး

ရေးဗဟုသုတကိုဟောပြောရှင်းပြပါသည်။၂၀၁၄ခုနှစ်တွင်ဒေသခံတောင်သူလယ်သမားများသည် အိမ်ထောင်စုတိုင်းတရုတ်ယွမ်ငွေ၅၀၀၀၀ပေးသွင်းသည်နှင့်တညီတညွတ်တည်းစီမံတည်ဆောက်သောစတုရန်းမီတာ၈၀အကျယ်အ၀န်းရှိသည့်နေအိမ်တွင်နေထိုင်နိုင်ရုံတင်မကဘဲ၊သစ်ကျားသီး

စိုက်မြေယာ၎မိုနှင့်စံချိန်မီ GreenHouseတစ်လုံးလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း သိရှိရသည်။ အိမ်ထောင်စုပေါင်း ၄၀၀ ရှိသည့် တောင်သူလယ်သမားများသည် အိမ်သစ်များတွင် နေ ထိုင်လျက် GreenHouseအတွင်း ဟင်းသီးဟင်းရွက်များနှင့် စီးပွားဖြစ်အပင်များကို စိုက်ပျိုးနိုင်ခဲ့ပါသည်။

     မျက်မှောက်ကာလတွင်စင်းကျန်းပညာရေးလုပ်ငန်းနယ်ပယ်အတွင်းရှိ ကျောင်းဆရာ

ဆရာမများနှင့် ၀န်ထမ်းများ ၄ သိန်းကျော်ရှိလျက်၊ ကျောင်းနေကျောင်းသားကျောင်းသူ ပေါင်း ၄.၃သန်းအထိရှိလာရာ၊ပညာရေးနယ်ပယ်အတွင်းရှိကျောင်းဆရာဆရာမများနှင့်ကျောင်းဝန်

ထမ်းများ၊ကျောင်းသားကျောင်းသူများစုစုပေါင်းသည် စင်းကျန်းပြည်နယ်ရှိ လူဦးရေစုစုပေါင်း၏ ၄ ပုံ ၁ ပုံအထိ ပါဝင်လာပါကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ပညာရေးနယ်ပယ်အတွင်းရှိ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးလုပ်ငန်းကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်ခြင်းသည် ကျောင်းဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ၊ကျောင်းသားကျောင်းသူများ၏ မိဘများ နှင့် သက်ဆိုင်ရုံမကဘဲ အိမ်ထောင်စုများစွာနှင့် လူမှုအဖွဲ့ အစည်းတစ်ခုလုံးအတွက် အကျိုးသက်ရောက်နိုင်မည်ဖြစ်ပါကြောင်း တွေ့ရပါသည်။

    “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတိုးတက်မှုနှစ်”အစီအစဉ်ရှင်းလင်းပွဲတွင်အလေးတင်း

ဟောပြောရှင်းလင်းသည်မှာဘာသာစကားနှစ်မျိုးစလုံးပညာပေးရေးအစီအစဉ်ကိုအဆင်ပြေ

သောအခြေအနေအရဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းဟူသောဟောပြောမှုသည်ကျွန်တော်တို့အတွက်ဘာသာစကားနှစ်မျိုးပညာပေးခြင်း၊တိုင်းရင်းသားလူမျိုးကျောင်းသားကျောင်းသူများအ

ကြားတစ်ဦး၏အခြေအနေကိုတစ်ဦးကပိုမိုသဘောပေါက်နားလည်လာစေခြင်း၊အပြန်အလှန်လေးစားစေမှုကိုခိုင်မာတိုးပွားလာစေခြင်းလုပ်ငန်းများပိုမိုကောင်းမွန်စွာလုပ်ကိုင်နိုင်ရန်အထောက်အကူပြုလာနိုင်မည်ဖြစ်ပါကြောင်းဖြင့်ဖီရှန်ခရိုင်ဘာသာစကားနှစ်မျိုးသင်ကြားပို့ချသောကျောင်းဆရာဖြစ်သူ ရယ်စ်လိုင်ထီ စတိုလ် ဟယ်မိုင်ထီက ပြောကြားခဲ့ပါသည်။

တရုတ်ပြည်သူ့ဘဏ်အူလူမူချီမြို့ဌာနခွဲမှပါတီကော်မတီဝင်နှင့်ဒုတိယတာဝန်ခံဖြစ်သူ ယော်ယုန်

ရှိန်းကပြောကြားသည်မှာ“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတိုးတက်မှုနှစ်”အစီအစဉ်ကျင်းပ

ခြင်းသည်စင်းကျန်းပြည်နယ်လူမှုအဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးနှင့်ကြာရှည်စွာအေးချမ်း

သာယာလုံခြုံစေရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ဘက်စုံချမ်းမြေ့သာယာသောဘ၀တည်ထောင်နိုင်ရန် အတွက်အစကောင်းရန်လိုအပ်ချက်နှင့်ကိုက်ညီပါကြောင်း၊ စင်းကျန်းပြည်နယ်တစ်ခုလုံးရှိ ပြည်သူလူထုအားလုံး၏ တူညီ သောလိုအင်ဆန္ဒဖြစ်ပါကြောင်းဖြင့် ဖော်ပြထားပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ပါတီအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဌ

ဖြစ်သူဟုန်ဟန်မြင်းကပြောကြားသည်မှာ“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတိုးတက်မှုနှစ်”အစီအစဉ်စတင်ပြီးသောနောက်ပိုင်းတွင်တိုင်းရင်းသားလူမျိုးစုအမျိုးသမီးများသည်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခိုင်မာတိုးပွားလာရန်ကြိုးပမ်းဆောင်ရွက်ရေး အတွင်းအထူးထိရောက်

သောအခန်းကဏ္ဍတွင် ပိုမိုကောင်းမွန်စွာပါဝင်ဆောင်ရွက်လာခဲ့ပါကြောင်း။ ကျွန်မတို့သည် အမျိုး သမီးများ၏ဆက်သွယ်ဆောင်ရွက်မှုပိုမိုလွယ်ကူဆောင်ရွက်နိုင်သောထူးခြားချက်ဖြင့် နေထိုင်စားသောက်ရေး၊ အလုပ်လုပ်ကိုင်ရေးနှင့် ပညာသင်ကြားရေး၊ အပန်းဖြေအနားယူရေး၊ သာရေးနာရေးစသောနေ့စဉ်ဘ၀အတွင်းအိမ်နီးနားချင်းအကြား၊တောင်မြောက်အဖွဲ့အစည်းများအကြား၊လုပ်ငန်းအဖွဲ့ နှင့် ပြည်မကြီးရှိ တိုင်းရင်းသားလူမျိုးစု   အိမ်ထောင်စုများ အကြားတွင် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအိမ်နီးနားချင်း”၊“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအိမ်

ခြံရပ်ကွက်”အစီအစဉ်များကိုပြုလုပ်ခြင်းဖြင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပန်းဝေေ၀ဆာဆာပွင့်လန်းလာရန်နှင့် ထိရောက်မှန်ကန်မှုရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်းဖော်ပြခဲ့ပါသည်။

စင်းကျန်းပြည်နယ်သည် တိုင်းရင်းသား  စည်းလုံး ညီညွတ်ရေးသမိုင်းအစဉ်အလာကောင်းများ ကာလကြာရှည်စွာထိန်းသိမ်းနိုင်ခဲ့သောအခြေခံရှိပါသည်။“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတိုးတက်မှုနှစ်”အစီအစဉ်ကျင်းပခြင်းဖြင့်ထျိန်ရှန်တောင်မြောက်ရှိတိုင်းရင်းသားစည်းလုံးညီညွတ် ရေးပန်းများသည် ပိုမိုဝေဆာလာမည်ဖြစ်ပါကြောင်း ယုံကြည် ပါသည်။