တရုတ်နိုင်ငံ(၁၂)ကြိမ်မြောက်ပြည်သူ့ကွန်ဂရက်စတုတ္ထအကြိမ်အစည်းအဝေးပိတ်ပွဲကျင်းပ

2016-05-17 11:06:08 |သတင်းအရင်းအမြစ် 《吉祥》杂志

    (၁၂)ကြိမ်မြောက်ပြည်သူ့ကွန်ဂရက်စတုတ္ထအကြိမ်အစည်းအဝေးလုပ်ငန်းစဉ်အောင်မြင်စွာ

 

ပြီးမြောက်ပြီးမတ်လ(၁၆)ရက်နေ့နံနက်ပြည်သူ့ခန်းမတွင်ပိတ်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။အစည်းအဝေးမှာအစိုးရလုပ်ငန်းအစီရင်ခံစာ၊“(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”အကျဉ်း၊ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီအဖွဲ့လုပ်ငန်းအစီရင်ခံစာစသည်တို့ကိုသဘောတူသည်။ပရဟိတ

လှူဒါန်းခြင်းဆိုင်ရာဥပဒေကိုသဘောတူသည်၊ ပုဒ်မ(၄၃)သမ္မတအမိန့်ကိုနိုင်ငံတော်သမ္မတ

ရှီကျင့်ဖိန်မှ လက်မှတ်ရေးထိုးပြဌာန်းခဲ့သည်။

ပိတ်ပွဲအခမ်းအနားကိုသဘာပတိအဖွဲ့အမြဲတမ်းဥက္ကဋ္ဌ၊အလုပ်အမှုဆောင်ဥက္ကဋ္ဌ၊ပြည်သူ့ကွန်ဂ

ရက်အမြဲတမ်းကော်မတီအဖွဲ့ဥက္ကဋ္ဌကျန်းမှဦးစီးခဲ့သည်။

ရှီကျင့်ဖိန်၊လီခချန်း၊ယွိကျင့်စိန်၊လျူယွန်စန်း၊ဝမ်ချီရှန်း၊ကျန်ကောင်းလိနှင့်အစည်းအဝေးသာဘပတိအဖွဲ့ဝင်များစင်မြင့်ပေါ်တွင်နေရာယူခဲ့ကြသည်၊

အစည်းအဝေးတွင်အစိုးရလုပ်ငန်းအစိုးရလုပ်ငန်းအစီရင်စာနှင့်ပတ်သက်သောဆုံးဖြတ်ချက်များကိုမဲပေးခြင်းဖြင့်ဆုံးဖြတ်ခဲသည်။ဆုံးဖြတ်ချက်တွင်အစည်းအဝေးသည်”(၁၂)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”ကာလအတွင်းတရုတ်နိုင်ငံစီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်ခြင်းမှရရှိခဲ့သောအရေးကြီးရ

လဒ်များကိုမြင့်မားစွမ်းပြီးနိုင်ငံတော်ကောင်စီမှယခင်နှစ်တစ်နှစ်လုံးလုပ်ခဲ့သောအလုပ်ကိုပြည့်ဝ

စွာအတည်ပြုပေးလိုက်သည်။အစီရင်ခံစာတွင်တင်ပြသော“(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”ကာလအတွင်းအဓိကရည်ရွယ်ချက်နှင့်တာဝန်၊အလေးပေးလုပ်ဆောင်ချက်နှင့်(၂၀၁၆)ခုနှစ်လုပ်ငန်းစီ

စဉ်ခြင်းများကိုသဘောတူကြောင်းဖော်ပြပြီးဤအစီရင်ခံစာအားသဘောတူကြောင်းဆုံးဖြတ်ခဲ့

ကြသည်။

အစည်းအဝေးတွင်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီအဖွဲ့၏လုပ်ငန်းအစီရင်ခံစာဆုံး

ဖြတ်ချက်ကို မဲပေး ဆုံးဖြတ်ခဲ့သည်။ဆုံးဖြတ်ချက်တွင် အစည်းအဝေးသည် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့၏ယခင်နှစ်တစ်နှစ်လုံး၏လုပ်ငန်းကိုပြည့်ဝစွာအတည်ပြုပေးပြီးအစီရင်ခံစာ ထဲတွင် တင်ပြထားသော ယခုနှစ် တစ်နှစ်လုံး၏အဓိကတာဝန် နှင့် လုပ်ငန်းစီစဉ်ခြင်းကို  သဘောတူကြောင်းဖော်ပြပြီး  ဤ အစီရင်ခံစာအား သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေး၏ဆွေးနွေးချက်အားလုံးပြီးဆုံးပြီးနောက်ကျန်တယ်ကျန်းမှစကားပြောဆိုခဲ့သည်။(၎င်း)င်းက(၁၂)ကြိမ်မြောက်ပြည်သူ့ကွန်ဂရက်စတုတ္ထအကြိမ်အစည်းအဝေးသည်ကိုယ်

စားလှယ်အားလုံး၏အတူကြိုးစားခြင်းကြောင့်ကြိုတင်သတ်မှတ်ထားသည့်တာဝန်အသီးသီးကိုအောင်မြင်စွာပြီးစီးခဲ့ကြောင်းပြောဆိုခဲ့သည်။ အစည်းအဝေးသည် ဒီမိုကရေစီမြှင့်တင်ပြီးတရားဥပဒေအရလုပ်ငန်းလုပ်ဆောင်ကာကောင်းမွန်သောအကျင့်စာရိတ္တကို အစဉ်တည်မြဲစေကာအောင်မြင် စွာပြီးမြောက်ခဲ့သည်။ ဒီမိုကရေစီ၊ စည်းလုံးညီညွတ်၊ စစ်မှန်၊ကြိုးစားတိုးတက်သောအစည်းအဝေးတစ်ကြိမ်ဖြစ်သည်။အစည်းအဝေးကာလအတွင်းတွင်တစ်နိုင်ငံလုံးရှိတိုင်းရင်းသားပြည်သူအသီးသီး၏မျှော်မှန်းချက်ကိုထမ်းဆောင်ပြီးအခြေခံဥပဒေနှင့်တရားဥပဒေတာဝန်ကိုသေချာစွာလိုက်နာဆောင်ရွက်ခဲ့သည်။အထွေထွေအခြေအနေကိုဂရုစိုက်ခြင်း၊အရေးပါကိစ္စရပ်များကိုဆွေးနွေးခြင်း၊စစ်မှန်စွာစိစစ်ခြင်း၊အကျိုးအမြတ်များစုဆောင်းခြင်းဖြင့်အစည်းအဝေးရလဒ်အသီးသီးအားပါတီနှင့်ပြည်သူရည်မှန်းချက်အနေဖြင့်တစ်သားတည်းဖြစ်အောင် ဖော်ပြနိုင်စေခဲ့သည်။

ကျန်တယ်ကျန်းကပြောကြားသည်မှာ-ယခုအကြိမ်အစည်းအဝေး၏အရေးကြီးရလဒ်သည်

ပြည်သူ့စီးပွားရေးနှင့်လူနေမှုဖွံ့ဖြိုးတိုးတက်စေသော(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်းအကျဉ်းကို

စစ်ဆေးသဘောတူလိုက်ခြင်းပင်ဖြစ်ကြောင်း၊ကျွန်တော်တို့သည်ပါတီအထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်ဦးဆောင်သောဗဟိုပါတီ၏ကြံ့ခိုင်သည့်ဦးဆောင်မှုအောက်မှာ“(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”အကျဉ်းကဘက်စုံလုပ်ဆောင်ကာဖွံ့ဖြိုးတိုးတက်ခြင်းကိုပထမဆုံးတာဝန်အဖြစ်ဆန်းသစ်၊ညှိနှိုင်း၊အစိမ်းရောင်၊ဖွင့်လင်း၊အကျိုးတူခံစားသောဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ကိုခိုင်ခံ့စွာတည်ထောင်ရမည်ဖြစ်ကြောင်း၊စီးပွားရေးတည်ဆောက်ခြင်း၊ပေါ်လစီတည်ဆောက်ခြင်း၊ယဉ်ကျေးမှုတည်ဆောက်ခြင်း၊လူမှုရေးတည်ဆောက်ခြင်း၊အီကော်လော်ဂျီယဉ်ကျေးမှုတည်ဆောက်ခြင်း

နှင့်ပါတီ၏တည်ဆောက်ခြင်းကိုစုစည်းတွန်းဆော်ရမည်ဖြစ်ကြောင်း၊ကောင်းမွန်သောလူမှုရေးကိုဘက်စုံဆောက်လုပ်၊အချိန်မှီပြီးမြောက်အောင်သေချာစေပြီးဒုတိယနှစ်တစ်ရာမှတ်တိုင်ဖြင့်တရုတ်

ပြည်သူတိုင်းရင်းသားတစ်ရပ်လုံး၏တရုတ်လိုလားတောင့်တမှုကိုပိုမိုကြံ့ခိုင်သောအခြေခံတည်ဆောက်ပေးစေလိုကြောင်းစသည်ဖြင့်ပြောကြား သွားပါသည်။

ကျန်တယ်ကျန်းကအလေးပေးပြောကြားသွားသည်မှာ-ကွန်မြူနစ်ပါတီ၏(၁၈)ကြိမ်မြောက်

နိုင်ငံကိုယ်စားလှယ်အစည်းအဝေးပြီးနောက်အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်ကိုဗဟိုထားပြီးတရုတ်ပြည်ထူးခြားသောဆိုရှယ်လစ်စနစ်အတွေးအခေါ်ကိုကြံ့ခိုင်စွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ရဲရင့်စွာလုပ်ဆောင်၊ကောင်းစွာဆန်းသစ်ကာကွန်မြူနစ်ပါတီ၏တရားဥပဒေစည်းမျဉ်းစည်း

ကမ်းများ၊ကွန်မြူနစ်ပါတီတည်ဆောက်ရေးစည်းကမ်းများ၊လူမှုရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ခြင်းအသိတရားများကိုနက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊နိုင်ငံတော်အုပ်ချုပ်ရေးအတွေးအ

ခေါ်အသစ်မဟာဗျူဟာအသစ်စီးရီးလိုက်ဖြစ်ပေါ်လာပြီးသမိုင်းပေးအခြေအနေအသစ်အောက်

တွင်ပြုပြင်ပြောင်းလဲခြင်းနှင့်တံခါးဖွင့်ခြင်းကိုနက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ကွန်မြူနစ်ပါတီခေတ်ပေါ်ပုံစံကိုလျင်မြန်စွာတွန်းဆော်ခြင်းအတွက်သိပ္ပံနည်းကျကျညွှန်ကြားခြင်းနှင့်လုပ်ဆောင်လမ်းညွှန်ခြင်းကိုထောက်ပံ့ပေးခဲ့ပါကြောင်း၊ရုန်းကန်ကြိုးပမ်းနေရသောလမ်းခရီးအသစ်ပေါ်တွင်အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်ကိုဗဟိုထားသောပါတီ၏နိုင်ငံအုပ်ချုပ်ရေးအတွေးအခေါ်အသစ်၊မ

ဟာဗျူဟာအသစ်ကိုဘက်စုံလုပ်ဆောင်ပြီးအဆက်မပြတ်တိုးချဲ့ရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသွားပါ သည်။

ကျန်တယ်ကျန်းကနောက်ဆုံးပြောကြားသွားသည်မှာ-ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပြပုံကို ရေးဆွဲနေပြီး ရှေ့ဆက် သွားရန်အချက်ပြနေပြီဖြစ်ကြောင်း နောက်ဆုံးတွင်ပြောဆိုခဲ့သည်။ ကျွန်တော်တို့သည်အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်ကိုဗဟိုပြုသောပါတီဘေးတွင်ဝိုင်းရံပြီး

ကွန်မြူနစ်ပါတီအလံကိုမြင့်မြင့်လွှင့်ထူကာစိတ်တူကိုယ်တူတိုးချဲ့ကြိုးစားပြီးကောင်းမွန်သောလူမှုရေးနေထိုင်ခြင်းအောင်မြင်မှုအဆင့်သို့ရောက်ရှိရန်အတူကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသွားပါ သည်။

ဗဟိုပါတီဖက်၊အစိုးရဖက်၊စစ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဒီမိုကရေစီပါတီမှဗဟိုကိုယ်

စားလှယ်များ၊တစ်နိုင်ငံလုံးစက်မှုစီးပွားရေးဆိုင်ရာအသင်းအဖွဲ့ကိုယ်စားလှယ်များနှင့်ပါတီမဲ့

ကိုယ်စားလှယ်များသည်    ယနေ့အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာတရုတ်ပြည်အခြေစိုက်သံအမတ်များအစည်းအဝေးသို့တက်ရောက်ပြီးဘေးမှ

နားထောင်ခဲ့ကြသည်။