မြန်မာပြည်. ၏ “အမျိုးသားလက္ခဏာဆောင်သောသော်လုံး”---ခြင်းလုံး

2016-05-17 15:27:40 |သတင်းအရင်းအမြစ် 《吉祥》杂志

 ခြင်းလုံးနှင့်ဘော်လီဘောမှာဆင်တူဖြစ်သည်။မတူညီမှုမှာလက်အစားခြေထောက်ကိုအသုံး

ပြုခြင်းဖြစ်သည်။ထို့ကြောင့်“ခြေထောက်ဖြင့်ကန်သောဘော်လီဘော”ဟုခေါ်ကြသည်။ခြင်းလုံး

အားကစားကိုအစောပိုင်းကာလမှာလူတို့သည် အလုပ်အားလပ်ချိန်တွင်တစ်ပတ်ဝိုင်းရံ၍၊ခေါင်း

ဖြင့်ဘောလုံးကိုပင့်တင်၍၊ခြေထောက်ဖြင့်ဘောလုံးကိုကန်ပြီး၊မြေပေါ်သို့မကျရအောင်ဆော့က

စားခြင်းဖြစ်သည်။ဤသည်မှာယခုခေတ်ခြင်းလုံးအားကစား၏မူလအစပင်ဖြစ်သည်။ဤကဲ့သို့

လွတ်လပ်ပေါ့ပါး၍ပျော်ရွှင်စရာကောင်းသောပင်ပန်းနွမ်းနယ်မှုကိုပပျောက်စေသောအားကစား

မှာအရှေ့တောင်အာရှရှိမြန်မာ၊မလေးရှား၊ထိုင်းနှင့်စင်္ကာပူအစရှိသည့်နိုင်ငံများတွင်ပိုမိုတွင်ကျယ်သည်။မြန်မာနိုင်ငံတွင်လွန်ခဲ့သောနှစ်ပေါင်း(၇၀၀)ကျော်၊ပုဂံခေတ်အခါကအလွန်ပျံ့နှံ့ခေတ်စားခဲ့

သည်။ပြည်သူအကြားမှအားကစားလှုပ်ရှားမှုအနေဖြင့်၊တရုတ်ပြည်၏ကြက်တောင်ဖော့လုံးက

စားနည်းနှင့်မခြားပင်ဖြစ်သည်။ထူးဆန်းသောပုံစံအမျိုးမျိုး နှင့်ရှုပ်ထွေးသောလှုပ်ရှားမှုမျိုးစုံ

ပင်ဖြစ်သည်။

ခြင်းလုံးအားကစားသည်မြန်မာနိုင်ငံ၏ရိုးရာစဉ်ဆက်မပြတ်အားကစားကဏ္ဍတစ်ခုပင်ဖြစ်

သည်။ကစားကွင်းနေရာမှာသေးငယ်၍တွင်ကျယ်မှုမှာလွယ်ကူသည်။တစ်နိုင်ငံလုံးရှိနေရာတိုင်း

တွင်ပြန့်ပွားလျက်ရှိသည်။ခြင်းလုံးသမိုင်းမှာကြာမြင့်သည်။အစောပိုင်းနှစ်ပေါင်း(၁၀၀၀)ကျော်ပျူခေတ်ကာလအချိန်ကတည်းကခြင်းလုံးမှာပေါ်ထွက်နေပြီဖြစ်သည်။မြန်မာရှေးဟောင်းသုတေသနပညာရှင်သည်ပြည်မြို့အနီးပတ်ဝန်းကျင်ရှိရှေးခေတ်၏ဘုရားဂူအတွင်းမှငွေသားဖြင့်ပြုလုပ်ထားသောခြင်းလုံးကိုတွေ့ရှိခဲ့သည်။ကာယအားကစားအတွက်ဖြစ်သောခြင်းလုံးသည်ခြောက်သွေ့

အောင်လှန်းထားသောကြိမ်ကိုအမျှင်သေးသေးဖြင့်လှီး၍ရက်လုပ်ထားခြင်းဖြစ်သည်။အလေးချိန်မှာ၁၀၀ဂရမ်၊လုံးပတ်အရှည်မှာ(၃၂)စင်တီမီတာ၊မျက်နှာပြင်မှာရွှေဝါရောင်သန်းနေခြင်းဖြစ်သည်။ကုန်းဘောင်ခေတ်တွင်မြန်မာနိုင်ငံရှိနေရာဒေသတိုင်းတွင်လူတိုင်းသည်ခြင်းလုံးခတ်ကစားနည်းကိုကစားနေကြပြီဖြစ်သည်။(၂၀)ရာစု၊(၂၀)စုနှစ်ခေတ်ကာလတွင်မြန်မာနိုင်ငံဒေသအသီးသီးတွင်မနည်းလှသောခြင်းလုံးအဖွဲ့အစည်းများကိုတည်ထောင်ခဲ့သည်။၁၉၂၉ခုနှစ်၊ ရန်ကုန်မြို့မော်လမြိုင်ကျောင်းတွင်ဗဟိုခြင်းလုံးကော်မတီအဖွဲ့ကိုတည်ထောင်ခဲ့သည်။ အသင်းဝင်များမှာ မြန်မာနိုင်ငံဒေသအသီးသီးရှိခြင်းလုံး အဖွဲ့အစည်းများနှင့် ခြင်းလုံးဝါသနာအိုးများပင်ဖြစ်သည်။

ယနေ့ခေတ်ခြင်းလုံးထုတ်လုပ်မှုမှာနှစ်ပေါင်း(၄၀)ကျော်သမိုင်းရှိပါသည်။၎င်းသည်ခြင်းလုံးအားကစားကိုပိုက်နှင့်တွဲဖက်ကာကစားခဲ့ခြင်းဖြစ်သည်။ထိုင်းနိုင်ငံယခင်ပညာရေးဝန်ကြီးဌာန၀န်

ကြီးဟောင်းကျောင်းဟာလိသည်ခြင်းလုံးအားကစားပျံ့နှံ့အောင်တွန်းအားပေးမှုကိုလုပ်ဆောင်

ပေးခဲ့သည်။“ယနေ့ခေတ်ခြင်းလုံးအားကစား၏ဖခင်ကြီး”အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည်။

ကျောင်းဟာလိ၏ကြိုးပမ်းအားထုတ်မှုကြောင့်ခြင်းလုံးအားကစားသည်(၁၉၆၅)ခုနှစ်၂နှစ်တစ်

ကြိမ်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏တရားဝင်ပြိုင်ပွဲကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ထို့အပြင်အရှေ့တောင်အာရှနိုင်ငံများအကြားတွင်လည်းစတင်၍ခေတ်စားလာခဲ့ခြင်းဖြစ်သည်။(၁၉၈၂)ခုနှစ်အာရှအားကစားပြိုင်ပွဲ၌တင်ဆက်ပြသမှုကဏ္ဍအနေဖြင့်ပါဝင်ခဲ့ပြီး၊(၁၉၉၀)ခုနှစ်တွင်အာရှအားက

စားပွဲတော်တွင်တရားဝင်ပြိုင်ပွဲတစ်ရပ်အဖြစ်သတ်မှတ် ခြင်း ခံခဲ့ရသည်။