စန်းရှီပြည်နယ်တွင်တည်ရှိသောဖိန်ယောင်ရှေ်းမြို့ဟောင်း

2016-05-17 16:09:13 |သတင်းအရင်းအမြစ် 《吉祥》杂志

 စန်းရှီပြည်နယ်တွင်တည်ရှိသောဖိန်ယောင်မြို့ဟောင်းသည်နှစ်ပေါင်း(၂၇၀၀)ရှိသောသမိုင်း

ဝင်ယဉ်ကျေးမှုနာမည်ကြီးမြို့ဟောင်းတစ်မြို့ဖြစ်ပါသည်။တရုတ်ပြည်လက်ရှိထိန်းသိမ်းမှုအပြည့်စုံဆုံးသောမြို့ဟောင်း(၄)မြို့အနက်တစ်မြို့အပါအ၀င်ဖြစ်ပါသည်။တရုတ်ပြည်၏ရှေးဟောင်းမြို့တစ်မြို့အနေဖြင့်“ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်”အဖြစ်လျှောက်ထားရာမှာအောင်မြင်မှုရရှိသည့်တစ်ခုတည်းသောမြို့ဟောင်းလည်းဖြစ်ပါသည်။စန်းရှီဖိန်ယောင်မြို့ဟောင်းသည်(၁၉၉၇)ခုနှစ်ဒီဇင်ဘာလမှာ“ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်”အဖြစ်တရားဝင်အသိအမှတ်ပြုသတ်မှတ်ခြင်းခံရပါသည်။

    စန်းရှီဖိန်ယောင်မြို့ဟောင်းသည်ခရစ်နှစ်မပေါ်မီ(ဘီစီ၈၂၇--၇၈၂)နှစ်ကျိုရွှမ်ဝမ်းမင်းလက်

ထက်မှာထူထောင်ခဲ့ပါသည်။အနောက်ကျိုခေတ်စစ်သူကြီးယီကျိဖူစစ်စခန်းချခဲ့သောနေရာဖြစ်ပါသည်။(ဘီစီ၂၂၁)ခုနှစ်မှာချင်းအင်ပါယာအုပ်ချုပ်စဉ်ကာလမှာဖိန်ယောင်မြို့သည်ခရိုင်မြို့တစ်မြို့

ဖြစ်လာရာမှယနေ့ထက်တိုင်ဖြစ်သည်။ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့ပြီးယနေ့ဆိုလျှင်ပြီး

ပြည့်စုံသောစံပြလက်ကျန်မြို့ဟောင်းတစ်မြို့ဖြစ်နေပါသည်။ယခုမြင်တွေ့နေရသောဖိန်ယောင်မြို့သည်မင်ဟုန်းဝူဘုရင်ခေတ်(ခရစ်နှစ်၁၃၇၀)ခုနှစ်မှာချဲ့ထွင်ပြုပြင်ဆောက်လုပ်ခဲ့သောမြို့ပုံစံဖြစ်နေပါသည်။ ချဲ့ထွင်ဆောက်လုပ်ခဲ့သောဖိန်ယောင်မြို့သည် ကြီးမားကျယ်ဝန်းလှပါသည်။မြို့ပတ်လည်အနား(၆.၄)ကီလိုမီတာရှည်လျားပါသည်။စန်းရှီပြည်နယ်တွင်သာမကတရုတ်ပြည်အတွင်းမှာပင်သမိုင်းသက်တမ်းအကြာရှည်ဆုံး၊ထည်ဝါခန့်ညားမှုအကြီးမားဆုံးသောမြို့တံတိုင်းရှိသည့်မြို့ဟောင်းတစ်မြို့ဖြစ်နေပါသည်။တရုတ်ပြည်ပြည်လုံးဆိုင်ရာအလေးပေးထိန်းသိမ်းရမည့်ရှေး

ဟောင်းယဉ်ကျေးမှုမြို့စာရင်းမှာထိပ်ဆုံးပါဝင်နေသောမြို့တစ်မြို့ဖြစ်နေပါသည်။

ဖိန်ယောင်မြို့ဟောင်းသည်အကြာရှည်ဆုံးသောသမိုင်းရှိပြီးရှေးဟောင်းယဉ်ကျေးမှုအမွေ

အနှစ်လည်းအများအပြားရှိပါသည်။(၁၇)ရာစုနှစ်-(၁၉)ရာစုနှစ်၏သမိုင်းရုပ်ပုံလွှာကိုထင်ရှားစွာတွေ့မြင်နေရပါသည်။မင်-မန်ချူးအင်ပါယာ၏အနုပညာသမိုင်းပြတိုက်လည်းဖြစ်ပါသည်။ရှေးခေတ်အဆောက်အဦးနှင့်ရှေးဟောင်းပစ္စည်းများသည်အရေအတွက်များပြားပြီးအဆင့်အတန်းမြင့်မားလှပါသည်။တရုတ်ရှေးခေတ်မြို့ပြပြောင်းလဲမှု၊မြို့ပြအဆောက်အဦး၊လူအများနေထိုင်မှုပုံစံနှင့်ရိုး

ရာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာရန်အတွက်အဖိုးမဖြတ်နိုင်သောသမိုင်း၊အနုပညာ၊သိပ္ပံ

နည်းပညာပိုင်းဆိုင်ရာတန်ဖိုးများရှိပါသည်။

    (၁၉၉၇)ခုနှစ်ကုလသမဂ္ဂသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းအထူးကိုယ်စားလှယ်ထျန်ကျုံတန့်

သည်ဖိန်ယောင်မြို့ဟောင်းကိုလာရောက်လည်ပတ်စဉ်“ဖိန်ယောင်မြို့ဟောင်းကမ္ဘာတစ်လွှား

ကျော်ကြား”ဟုချီးမွမ်းရေးသားသွားပါသည်။ကုလသမဂ္ဂသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းကဖိန်

ယောင်မြို့ဟောင်းကိုဤသို့တန်ဖိုးဖြတ်ထားပါသည်။“ဖိန်ယောင်မြို့ဟောင်းသည်တရုတ်ဟန်အ

မျိုးသားများမင်-ချင်းခေတ်၏အကောင်းဆုံးစံပြဖြစ်သည်။ ဖိန်ယောင်မြို့ဟောင်းသည်၎င်း၏ ရှေး

ရိုးထူးခြားချက်အားလုံးကိုထိန်းသိမ်းထားနိုင်ခဲ့သည်။တရုတ်ပြည်သမိုင်း၏အတွင်းတွင်လုံးဝတမူထူးခြားသောယဉ်ကျေးမှု၊လူမှုရေး၊စီးပွားရေးနှင့်ဘာသာရေးဖွံ့ဖြိုးတိုးတက်မှု၏အပြီးပြည့်ဆုံး

သောပန်းချီးကားချပ်ကြီးပင်ဖြစ်နေပါတော့သည်။”

    ဖိန်ယောင်မြို့ဟောင်းကိုရောက်ရှိလာသူများကဤသို့ပြောဆိုကြသည်။“ဖိန်ယောင်မြို့ဟောင်း

ကိုဝင်လိုက်သည်နှင့်ကြီးမားသောသမိုင်းပြတိုက်တစ်ခုအတွင်းသို့ဝင်ရောက်သွားသည်နှင့်တူနေပါသည်။”

    ဖိန်ယောင်မြို့ဟောင်းသည်တရုတ်ဟန်လူမျိုးတို့၏ရိုးရာမြို့ပြစီမံကိန်းအတွေးအမြင်ဖြင့်ခင်း

ကျင်းထားသိုဆောက်လုပ်ထားသောခရိုင်မြို့တစ်မြို့ဖြစ်ပါသည်။အလုံပိတ်ထားသောမြို့အတွင်း

မြို့တော်ပင်မအဆောက်အဦးကိုအလယ်ဗဟိုထားပြီးလမ်းမကြီး(၄)သွယ်၊လမ်းသွယ်(၈)ကြောင်းနှင့်လမ်းမြှောင်ပေါင်း(၇၂)ခုဖြင့်ရောယှက်ဖွဲ့စည်းထားပါသည်။ရှင်းလင်းသည်၊စနစ်ကျသည်။မြို့တွင်းလူနေအိမ်များသည်တပြေးညီမီးခိုးရောင်အုတ်ြွကပ်အမိုးတရုတ်ရိုးရာလေးမျက်နှာအိမ်ခန်းစုမျိုးဖြစ်ပါသည်။ဗဟိုမျဉ်းထင်ရှားပြီးဘယ်ညာနှစ်ဖက်ညီညာသည်။အထူးသဖြင့်အုတ်စီလိုဏ်ဂူပုံစံလူနေအိမ်များသည်ကျေးရွာဓလေ့ကိုပေါ်လွင်နေသည်။တစ်မြို့လုံးတွင်ရှေးဟောင်းလေးမျက်နှာအိမ်ခန်းစုပေါင်း(၃၇၉၇)ဆောင်ဆက်လက်ကျန်ရှိနေပါသည်။ထိုအထဲအဆောင်(၄၀၀)ကျော်သည်ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ဆဲပင်ရှိနေပါသည်။ထို့ပြင်မြို့တွင်းမှာအရွယ်အစားအမျိုးမျိုး ရှိသောဘုရားကျောင်းများ၊ဆိုင်ခန်းများလည်းရှိပါသေးသည်။ထိုထူးခြားသည့်အဆောက်အဦးအမျိုးမျိုးသည်မင်-ချင်းအင်ပါယာခေတ်မှစည်ကားသောမြို့နေလူတန်းစားဘ၀ကိုဖော်ကျူးထားနေပါသည်။

    ရှေးကျသည့်ဖိန်ယောင်မြို့ဟောင်းသည်ထွန်းလင်းတောက်ပနေပါသည်။ဆွဲဆောင်အားအ

ပြည့်ရှိနေပါသည်။ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တော်များများသည်စီးပွားရေးသမားများ၏ဖျက်ဆီးမှုကြောင့်တစတစတိမ်ကောပျောက်ကွယ်နေသည့်ယခုအချိန်အခါမျိုးမှာဖိန်ယောင်မြို့

သည်ရှေးဟောင်းအမွေအားလုံးကိုထိန်းသိမ်းထားနိုင်ဆဲပင်ဖြစ်သည်။တရုတ်သမိုင်းဖွံ့ဖြိုးမှုတွင်တမူထူးခြားသောယဉ်ကျေးမှု၊လူမှုရေး၊စီးပွားရေးနှင့်ဘာသာရေးအတွက်တိုးတက်ဖွံ့ဖြိုးပြည့်စုံ

သောပန်းချီကားချပ်ကြီးတစ်ချပ်ဖြစ်နေပါတော့သည်။