ဟွာစန်းတောင်သည်တရုတ်နိုင်ငံရှီးအန်းမြို့မှကီလိုမီတာ၁၀၀ကျော်ဝေးကွာသောဟွာရင်မြို့
တောင်ပိုင်းတွင်တည်ရှိသည်။ပင်လယ်ရေမျက်နှာပြင်အထက်(၂၁၅၄.၉)မီတာတွင်ရှိပြီးတစ်တောင်လုံးလုံးဝပြည့်စုံသည့်နှမ်းဖတ်ကျောက်အမျိုးအစားဖြစ်သည်။
ဟွာစန်းတွင်နေမင်း(အရှေ့တောင်ထွတ်)၊ငန်းနား(တောင်ဘက်တောင်ထွတ်)၊ကြာပန်း(အ
နောက်ဘက်တောင်ထွတ်)၊တိမ်၅ဆင့်(မြောက်ဘက်တောင်ထွတ်)နှင့်ကျောက်စိမ်းမင်းသမီး(အ
လယ်တောင်ထွတ်)ဟူ၍တောင်ထွတ်(၅)ခုရှိသည်။အရှေ့၊တောင်၊အနောက်သုံးဖက်မှာမတ်စောက်သောတောင်ကမ်းပါးယံဖြစ်၍မြောက်ဘက်စောင်းစောင်းဖောက်ထားသည့်လမ်းတစ်ခုသာလျှင်ဟွာစန်းတောင်ထွတ်၏တစ်ခုတည်းသောတက်လမ်းဖြစ်သည်။ထို့ကြောင့်“ရှေးကတည်းကဟွာစန်းလမ်း တစ်လမ်းထဲ”ဟုဆိုရိုးရှိကြသည်။
ဟွာစန်းတောင်သည်တရုတ်တိုင်းရင်းသားတို့၏ယဉ်ကျေးမှုပေါ်ထွန်းရာအစဒေသတစ်ခုဖြစ်
သည်။ယနေ့ခေတ်တွင်နာမည်ကျော်ကျန်းထိုက်ရန်၏လေ့လာ သုံးသပ်ချက်အရ“ကျုံဟွာ”“ဟွာရ”အမည်သည်ဟွာစန်းတောင်မှစတင်ခဲ့ကြောင်းသိရပါသည်။မရေမတွက်နိုင်သောပုံပြင်များနှင့်ရှး
ဟောင်းအမွေအနှစ်များလည်းရှိပေသည်။ဆွေ၊ထန်မင်းဆက်ခေတ်များမှစ၍စာပေပညာရှင်များမှဟွာစန်းတောင်၏တေးဖွဲ့ကျောက်စာမှတ်တမ်းနှင့်ခရီးသွားမှတ်တမ်းတို့သည်ထောင်နှင့်ချီရှိ
ပြီးကျောက်တောင်ထွင်းစာများမှာလည်းထောင်ချီရှိပေသည်။
ဟွာစန်းတောင်သည်အကောင်းဆုံးနေထွက်ခြင်းကိုရှုစားရာရှုခင်းသာနေရာတစ်ခုဖြစ်သည်။
ဟွာစန်းအရှေ့တောင်ထွတ်သည်နေကိုရှုစားရန်အကောင်းဆုံးနေရာဖြစ်သည်။(ထို့ကြောင့်ပင် နေ
မင်းတောင်ထွတ်ဟု ခေါ်ဆိုကြသည်။)နေမျှော်စင်မှာအကောင်းဆုံးနေရာဖြစ်သည်။ဟွာစန်းတောင်တွင်နာမည်ကျော်ရှုခင်းသာပေါင်း(၂၁၀)ကျော်ရှိသည်။မိုးထိအောင်မြင့်မားသောနေရာတွင်ဖေက်လုပ်ထားသောပျဉ်ခင်းလမ်းကျဉ်း၊မြင့်မားမတ်စောက်သောတောင်ကမ်းပါးယံတွင်ပေ
တစ်ထောင်ကဗျည်းတိုင်နှင့် ပေတစ်ရာတောင်ကြားလျှိုမြောင် စသည်တို့ရှိကြပါသည်။
နှစ်စဉ်(၄)လပိုင်းမှ(၁၀)လပိုင်းထိသည်ဟွာစန်းတောင်ခရီးသွားလည်ပတ်ရန်အကောင်းဆုံး
အချိန်ဖြစ်သည်။ဟွာစန်းတောင်မှနွေဦးတွင်တောင်ပေါ်ပန်းကလေးများကိုကြည့်နိုင်သည်။နွေရာသီတွင်တိမ်ပင်လယ်ကိုကြည့်ရှုကာဆောင်းကူးရာသီတွင်သစ်ပင်အရွက်နီကိုခံစားနိုင်သည်။
ဆာင်းကာလ၏နှင်းအလှရှုခင်းမှာလည်းခန့်ညားလှပါသည်။ သတိပေးလိုသည်မှာ ဟွာစန်းတောင်သည် မြင့်မားမတ်စောက်ဆန်းပြား၍အန္တရာယ်ကမ်းပါးများလွန်းသောကြောင့်တောင်တက်ရာတွင်သတိကြီးစွာနှင့်တက်ရမည်ဖြစ်သည်။