အစည်းအဝေးကြီးနှစ်ခုသည်ကမ္ဘာ့ထံတရုတ်ယုံကြည်မှုစိတ်ဓာတ်ကိုဖြန့်လွှတ်

2016-05-17 11:09:20 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ်နိုင်ငံ၏အစည်းအဝေးကြီးနှစ်ခုသည်ပင်လယ်ရပ်ခြားမီဒီယာများအတွက်တရုတ်နိုင်ငံကိုလေ့လာကြည့်ရှုရန်အကောင်းဆုံးသောပြတင်းပေါက်ဖြစ်သည်။အစည်းအဝေးကြီးနှစ်ခုပေါ်ရှိဝန်ကြီးချုပ်၏အစိုးရလုပ်ငန်းအစီရင်ခံစာ၊၀န်ကြီး၏ဖြေကြားချက်၊ကိုယ်စားလှယ်နှင့်ကော်မတီအဖွဲ့

ဝင်များတင်ပြသောလုပ်ငန်းအကြံပြုချက်၊  အစည်းအဝေးပေါ် တွင် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ဆွေးနွေးရာတွင်ဖြန့်လွှတ်သောသတင်းအချက်အလက်များသည်ကမ္ဘာတစ်ဝန်းလုံးထံသို့  တရုတ်အသံ“တရုတ်ယုံကြည်မှုစိတ်ဓာတ်”နှင့်“တရုတ်စွမ်းအင်သစ်”ကိုရှင်းလင်းစွာ ဖြန့်လွှတ်နေပါ သည်။

အစည်းအဝေးကြီးနှစ်ခုသည်ကမ္ဘာတစ်ဝန်းလုံးထံတရုတ်စီးပွားရေးဆက်လက်တည်ငြိမ်စွာတိုး

မြှင့်နေသောယုံကြည်မှုစိတ်ဓာတ်ကို ဖြန့်လွှတ်ပေးနေသည်။ အစိုးရလုပ်ငန်းအစီရင်ခံစာတွင်ယခုနှစ်တရုတ်နိုင်ငံပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းတန်ဖိုးသည်(၆.၅%-၇%)တိုးမြှင့်မည်ဟူသေမျှော်မှန်း

ချက်ဖြင့်ကမ္ဘာ့ထင်မြင်ချက်ကောင်းများရရှိခဲ့ကြောင်းတင်ပြခဲ့သည်။Reutersသတင်းဌာနမှယူဆသည်မှာ-(၆.၅%)အခြေခံလိုင်းသည်ယခင်နှစ်(၃၀)ကျော်၏စစ်မှန်တိုးမြင့်မှုအရှိန်၏အနိမ့်ချက်ဖြစ်

သော်လည်းဤစီးပွားရေးမျှော်မှန်းချက်ပန်းတိုင်တိုးမြှင့်ခြင်းသည် စီးပွားရေးဖိအားအလွန်ကြီး

မားသော   အခြေအနေတွင်  မက်ကရိုကော့ဇင် ထိန်းချုပ်ရေးအတွက် ကြိုတင်နေရာနှင့် ကြိုတင်ဈေးကွက်ဦးဆောင်သောတရုတ်နိုင်ငံ၏ရည်ရွယ်ချက်စိတ်ထားကိုတွေ့ရကြောင်းထင်မြင်ကြောင်းဖော်ပြပါရှိသည်။Wall streetသတင်းစာတွင်ဤပန်းတိုင်သည်အချို့သော အနောက်တိုင်း

စီးပွားပညာရှင်များကတရုတ်နိုင်ငံစီးပွားရေးတိုးမြှင့်ခြင်းမျှော်မှန်းချက်ထက်မြင့်နေပါကြောင်း၊ ကမ္ဘာတစ်ဝန်းထံတရုတ်နိုင်ငံသည်တစ်ကမ္ဘာလုံးစီးပွားရေးတိုးမြှင့်ပေးသောအင်ဂျင်ဖြစ်နိုင်သောအရေးကြီးအချက်ကိုဖြန့်လွှတ်နေသည်ဟုထင်မြင်ပါကြောင်းဖော်ပြပါရှိသည်။Bloombergသတင်းဌာနမှဖော်ပြထားသည်မှာ-အစိုးရလုပ်ငန်းအစီရင်ခံစာနှင့်ဘဏ္ဍာရေးဝန်ကြီး၊ပြည်သူ့ဘဏ်ဘဏ်

မှူးသည်တရုတ်ငွေစက္ကူပေါ်လစီနှင့်ဘဏ္ဍာရေးပေါ်လစီ၏တင်ပြချက်သည်တစ်ကမ္ဘာလုံးမှတရုတ်နိုင်ငံစီးပွားရေးကျဆင်းခြင်း၏စိတ်ပူပန်စိုးရိမ်မှုကိုလျော့ကျစေနိုင်ပြီး တစ်ကမ္ဘာလုံးဈေးကွက်မှ  တရုတ်နိုင်ငံစီးပွားရေးအပေါ်ယုံကြည်မှုစိတ်ဓာတ်ပိုမိုပြည့်ဝလာစေကြောင်းဖော်ပြပါရှိသည်။

ပြင်ပလောကမှတရုတ်နိုင်ငံစီးပွားရေးအချိန်ကြာရှည်စွာအရှိန်အလယ်တန်းစား၊အရှိန်မြင့်တိုး

မြှင့်နေနိုင်မည်ဟူသောယုံကြည်မှုစိတ်ကဘယ်မှလာသနည်း။တရုတ်နိုင်ငံပြည်တွင်းပြည်ပပေါ်လစီ၏တည်မြဲခြင်း၊တရုတ်အစိုးရ၏ထူးခြားသောမဟာဗျူဟာတည်ငြိမ်မှုအားနှင့်ထူးချွန်သောလုပ်

ဆောင်မှုစွမ်းအား၊နက်ရှိုင်းသောပြုပြင်ပြောင်းလဲခြင်း၏ခိုင်ခံ့သောတွန်းဆော်မှုနှင့်စီးပွားရေးပုံစံ

ပြောင်းလဲခြင်း၏အရေးကြီးသည့်ရှေ့သို့တိုးတက်ခြင်း၊အစိုးရနှင့်ပြည်သူလူထုများကအခက်အခဲကိုတိုက်ရိုက်ရင်ဆိုင်နိုင်သော ရဲရင့်မှုစွမ်းအား၊ တရုတ်အစိုးရမှ ပြဿနာအခက်အခဲ အားလုံးကို  စိန်ခေါ်လုပ်ဆောင်နိုင်သောစိတ်ထား၊ယုံကြည်မှုစိတ်ဓာတ်နှင့်ပြည့်စုံသောလုပ်ဆောင်ချက်များ  အစရှိသည်တို့မှယုံကြည်မှုစိတ်ဓာတ်ရရှိလာကြခြင်းဖြစ်ပါသည်။

အစည်းအဝေးကြီးနှစ်ခုသည်ကမ္ဘာတစ်ဝန်းထံတရုတ်တည်ငြိမ်သည့်ငွေလဲနှုန်း၊တည်ငြိမ်

သည့်ငွေကြေးစီးပွားရေးဈေးကွက်၏ယုံကြည်မှုစိတ်ကိုဖြန့်လွှတ်ပေးနေသည်။အစိုးရလုပ်ငန်းအစီရင်ခံစာတွင်“တရုတ်ငွေငွေလဲနှုန်းဈေးကွက်ပုံစစနစ်ကိုဆက်လက်ဖြည့်စွက်ပြီးတရုတ်ငွေ ငွေလဲနှုန်းကိုပျမ်းမျှညီမျှသောအဆင့်တွင်တည်မြဲရန်အခြေခံထိန်းနေပါသည်။”သက်ဆိုင်ရာဌာန

တာဝန်ရှိသူသည်သတင်းထောက်များနှင့်တွေ့ဆုံမေးဖြေရာတွင်လည်းငွေကြေးစီးပွားရေးကြီး

ကြပ်အုပ်ချုပ်ရေးကို ပိုမိုအားထည့်ပြီး အကျိုးသက်ရောက် သောလုပ်ဆောင်ချက်များဖြင့် တရုတ်ငွေငွေလဲနှုန်းကိုတည်မြဲခြင်းနှင့်ငွေကြေးစီးပွားရေးဈေးကွက်တည်ငြိမ်ရေးကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကမ္ဘာ့စီးပွားရေး အား လျော့နည်းနေချိန်တွင် အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများသည်ငွေစက္ကူပြိုင်ဆိုင်ကာငွေတန်ဖိုးလျော့ကျသည့်ပေါ်လစီ၏ပတ်ဝန်းကျင်

အောက်တွင် တရုတ်နိုင်ငံသည် တည်ငြိမ်သည့် ငွေလဲနှုန်း၊ တည်ငြိမ်သည့်   ငွေကြေးစီးပွားရေး  ဈေးကွက်လုပ်ဆောင်ခြင်းသည်ဈေးကွက်အတွင်းတွင်“စိတ်ချဆေး”တစ်ချောင်းထိုးပေးလိုက်သကဲ့သို့ဈေးကွက်ယုံကြည်စိတ်ကိုပြန်လည်ထူထောင်ပြီးကြိုတင်ဈေးကွက်ကိုတည်ငြိမ်ရေးနှင့်ဦးဆောင်ခြင်းကို အကျိုးပြုစေပါသည်။

“(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”ကာလသည်တရုတ်နိုင်ငံပြန်လည်ထူထောင်မှုလမ်းကြောင်းပေါ်၏အရေးကြီးသမိုင်းအဆင့်ဖြစ်ပါသည်။“(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”သည်တရုတ်နိုင်ငံအတွက်သာမကကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရန်အတွက်အခွင့်အရေးအသစ်နှင့်စွမ်းအားအသစ်များသယ်ယူ

ပြီးကမ္ဘာထံတရုတ်နိုင်ငံ၏အပြုသဘောဆောင်စွမ်းအင်ကိုဖြန့်လွှတ်ပေးနေပါသည်။

ဖွံ့ဖြိုးတိုးတက်မှုပြပုံကိုရေးဆွဲခြင်းဖြင့်ပြည်သူလူထု“ရရှိမှုအား”ကိုတဖြည်းဖြည်းဖြစ်မြောက်လာစေနေပါသည်။တရုတ်နိုင်ငံ၏ယုံကြည်စိတ်သည်လည်းယင်းမှလာသည်။ထိုသိသာပြင်းထန်

သော အချက်များရှိခြင်းကြောင့် အင်္ဂလန်စီးပွားရေးပညာရှင်Jessoppက “တရုတ်စီးပွားရေး ဆိုးဝါးခြင်းဟူသောပြောဆိုချက်များမှာ လမ်းစမရှိ၊ ပျောက် ကွယ်သွားပြီ”ဟု ထင်မြင်ချက်ပြောကြားခဲ့သည်။