တရုတ်ရိုးရာကျေးလက်ဆေးဆိုးပန်းရိုက်နည်းပညာ--ဖယောင်းဖြင့်ဆေးဆိုးခြင်း

2016-05-17 16:31:40 |သတင်းအရင်းအမြစ် 《吉祥》杂志

 ဖယောင်းဖြင့်ဆေးဆိုးခြင်းကိုရှေးအခါက“ဖယောင်းဖြင့်ပန်းပြောက်ထိုးခြင်း”ဟုခေါ်သည်။

ယင်းသည်တရုတ်ရိုးရာကျေးလက်ဆေးဆိုးပန်းရိုက်လက်မှုနည်းပညာတစ်မျိုးဖြစ်သည်။ပြုလုပ်သည့်နည်းပညာမှာအရည်ပျော်နေသည့်ဖယောင်းအ၀ါရောင်များဖြင့် အ၀တ်စများပေါ်တွင် ပန်း

ပြောက်၊ခြူးပန်းများရေးဆွဲသရုပ်ဖော်ပြီးနောက်အ၀ါရောင်ဖယောင်းများကိုပျောက်သွားအောင်

ရေတွင်ထည့်ပြုတ်လိုက်ပါသည်။ထိုအခါပန်းပြောက်ဒီဇိုင်းများပေါ်လာသည်။ဖယောင်းဖြင့်ဆေးဆိုးခြင်းသည်တရုတ်တို့၏ရှေးကျသောကျေးလက်လက်မှုအနုပညာဖြစ်သည်။ယင်းပညာသည်

ရှေးခေတ်ရိုးရာအနုပညာ၏မျဉ်းကြောင်းဖြင့်ပန်းချီရေးဆွဲခြင်းပညာကိုဆက်ခံခဲ့ပြီးကိုယ်ပိုင်တီ

ထွင်မှုများပေါင်းစပ်ကာဖွဲ့စည်းမှုသိပ်သည်းကျစ်လျစ်သည်။မျဉ်းကြောင်းပြေပြစ်ညီညွတ်သော၊အလှဆင်မှုအားကောင်းသောထူးခြားချက်များဖြင့်ပြည့်စုံသည်။ထင်ရှားအားပြင်းသည့်ဘ၀အ

ငွေ့အသက်များပါဝင်သည်။ထက်သန်ပြင်းပြသည့်ဇာတိရပ်မြေဟန်အပြည့်ရှိပြီးတမူထူးခြားသည့်အမျိုးသားဟန်လည်းရှိသည်။လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀ကျော်ကာလအနောက်ဟန်မင်းဆက်

ခေတ်ကာလကပင်ဖယောင်းဖြင့်ဆေးဆိုးသည့်ပညာသည်ကျေးလက်တွင်ပြန့်နှံ့တွင်ကျယ်ခဲ့ပါ

သည်။ဟန်မင်းဆက်ခေတ်ကာလတွင်ဖယောင်းဖြင့်ဆေးဆိုးရာ၌အရောင်အသွေးမှာရိုး

ရှင်းသောအပြာရောင်အောက်ခံနှင့်အဖြူရောင်ပန်းဖြစ်ပါသည်။ကျင့်မင်းဆက်သို့ရောက်သည့်အခါအရောင်မျိုးစုံကိုအသုံးပြုနိုင်ခဲ့သည်။ထန်မင်းဆက်ခေတ်၌ဖယောင်းနှင့်ဆေးဆိုးသည့်ပညာသည်ရောင်စုံပန်းမန်နှင့်ကျေးငှက်များပါဝင်သောရုပ်ပုံကိုဇာအပါးပေါ်တွင်ဆေးဆိုးသရုပ်ဖော်နိုင်ခဲ့ပါ

သည်။

သေသပ်လှပသောလိုက်ကာအကြီးစားကိုလည်းပြုလုပ်နိုင်ခဲ့ပါသည်။လိုက်ကာပေါ်တွင်ဇာတ်

လမ်းဇာတ်ကွက်ပါဝင်သောပန်းချီကားများနှင့်အလှဆင်ရာတွင်ထိရောက်သောတောတောင်ရေ

မြေ၊ကျေးငှက်ပန်းမန်စသည်တို့ကိုပါဆေးဆိုးဖော်ပြနိုင်ခဲ့သည်။ထန်မင်းဆက်ခေတ်တွင်ဖယောင်း

ဖြင့်ဆေးဆိုးခြင်းနည်းပညာမှာတဖက်ကမ်းခတ်ကျွမ်းကျင်လာမှုကိုအပြည့်အ၀ထင်ဟပ်ဖော်ပြနိုင်ခဲ့ပါသည်။ဖယောင်းဖြင့်ဆေးဆိုးသည့်အတတ်ဖြစ်သည့်ဤရှေးကျသည့်လက်မှုအနုပညာကိုယနေ့ထက်တိုင်တရုတ်နိုင်ငံကွေ့ကြိုးနှင့်ယူနန်ရှိပုယီ၊မြောင်၊ကယ်လောင်၊ဆွေ၊ထူ၊ယီအစရှိသောလူမျိုးစုများကြားတွင်တွင်ကျယ်ခေတ်စားနေပါသေးသည်။ထို့ပြင်မတူညီသည့်အမျိုးသားဓလေ့

ထုံးစံနှင့်ရသသဘောသိမြင်မှုဆိုသည့်ထူးခြားချက်ကိုလိုက်၍အနုပညာဟန်များမှာမတူညီကြပါ။အသုံးချသည့်အတိုင်းအတာနယ်ပယ်နှင့်နေရာဒေသလည်းကွဲပြားခြားနားပါသည်။ဥပမာ-ကွေ့

ကြိုးကျင့်နင်မြို့ရှိပုယီလူမျိုးစုတို့၏ဖယောင်းဖြင့်ဆေးဆိုးခြင်းသည်အများအားဖြင့်ရိုးရှင်းသည့်အရောင်ဖြစ်သည်။(အပြာရောင်အောက်ခံနှင့်အဖြူထည်ပန်း)အများအားဖြင့်အင်္ကျီကော်လံ၊အင်္ကျီလက်၊ဂါဝန်များ၌အလှဆင်ပါသည်။မြောင်လူမျိုးစုတို့ဖယောင်းဖြင့်ဆေးဆိုးခြင်းပညာတွင်အနီ၊အစိမ်း၊အ၀ါပါဝင်သည်။သို့မဟုတ်ပန်းဝတ်ဆံဒီဇိုင်းတွင်အညှာနှင့်အရွက်ပေါ်၌အနီနှင့်အစိမ်းရောင်

ထည့်သွင်းမွမ်းမံတန်ဆာဆင်သည်။သို့မဟုတ်အပြာနှင့်အဖြူဂါဝန်၏တစ်နေရာတွင်အနီ၊အ၀ါ၊အ

စိမ်းတို့ဖြင့်အနားကွပ်ထားတတ်သည်။သို့မဟုတ်အနီရောင်အောက်ခံထားသောအဖြူရောင်ပန်းပါသည့်ဖယောင်းဆေးဆိုးထည်များသည်အထူးတင့်တယ်လှပပါသည်။