ကြံ့ဆွေဒေသရှိရှေးခေတ်ရေတွင်းယဉ်ကျေးမှု

2016-05-17 17:13:59 |သတင်းအရင်းအမြစ် 《吉祥》杂志

ယူနန်ပြည်နယ်ကြံ့ဆွေရှေးဟောင်းမြို့ကိုရှေးယခင်ကပုထို၊ပါးသန့်ဟုလည်းခေါ်တွင်ကြသည်။ကြံ့ဆွေရှေးဟောင်းမြို့တော်၏စိတ်ဝင်စားဖွယ်ရာများကိုမူလသွင်ပြင်မပျက်ထိန်းသိမ်းထားသည်။

ဥပမာ--နေမူဝင်ပေါက်တံခါး၊ကွန်ဖြူးရှပ်တန်ဆောင်း၊ကျူးမိသားစုပန်းခြံအစရှိသည်တို့ဖြစ်ကြ

သည်။သို့ရာတွင်ကြံ့ဆွေဒေသ၏အကောင်းဆုံးသော၊အထူးခြားဆုံးသောမူလသွင်ပြင်မပျက်ထိန်းသိမ်းထားသည့်အခြင်းအရာသည်ကားကြံ့ဆွေဒေသရှိရှေးခေတ်ရေတွင်းပင်ဖြစ်သည်ဟုစာရေးသူအနေဖြင့်ထင်မှတ်မိပါသည်။

    ကြံ့ဆွေဒေသသည်ရှေးခေတ်ရေတွင်းများ၏ပြတိုက်ဟုပင်ပြောဆိုနိုင်သည်။ကြံ့ဆွေဒေသ၏

ရှေးခေတ်လမ်းကြီးလမ်းငယ်အသွယ်သွယ်ရှိနေရာတိုင်းတွင်ရှေးခေတ်ရေတွင်းများ၏အရိပ်အ

ယောင်ကိုမြင်တွေ့နိုင်သည်။အကယ်၍မြို့ပြဒေသ၌ရှေးခေတ်ရေတွင်းကိုရှာဖွေလိုလျှင်အလွန်

လွယ်ကူသောနည်းလမ်းရှိပါသည်။ရှေးခေတ်လမ်းများ၌ရေထမ်းသူများထင်ကျန်ရစ်ခဲ့သော ရေစက်များအတိုင်းလိုက်၍သွားလျှင်ရှေးခေတ်ရေတွင်းများကိုတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

    ရှေးခေတ်အကျဆုံးရေတွင်းကိုပြောရလျှင်မြို့အရှေ့ဘက်တံခါးပြင်ရှိလီချွမ်တွင်းဟုဆိုနိုင်

သည်။ရေတွင်းဘေးရှိကျောက်ပြားပေါ်တွင်မှတ်သားထားချက်ရှိပါသည်။မှတ်သားထားသည်မှာ--ဤနေရာ၌“ရှေးယခင်ကလီချွမ်တွင်း၊မူလအခေါ်အရှေ့ရေတွင်း၊အကြောင်းရင်းကိုသုံးသပ်မှယွင်မင်းဆက်ခေတ်ကစ၍ယခုထိတိုင်၊အထင်ကရဒေသန္တရစာအုပ်၌ပင်မှတ်တမ်းတင်ထားပါသည်”ဟုရေးသားဖော်ပြထားသည်။နာမည်အကျော်ဆုံးရေတွင်းမှာတာ့ပန်ရေတွင်းဖြစ်ကာဖူပေါ်ချွမ်ဟုလည်းခေါ်သည်။(၎င်း)င်းရေတွင်းသည်ထိုမြို့၏ထိပ်ဝအကျယ်ဆုံးသောရေတွင်းဖြစ်သည်။တွင်းဝသည်အ၀ိုင်းပုံသဏ္ဌာန်ရှိ၍အချင်းမှာ(၃)မီတာကျော်ရှိပြီးရေတွင်းလက်ရန်းကိုကျောက်ပြား(၆)

ချပ်နှင့်ကျောက်တိုင်(၆)လုံးတို့ဖြင့်ပြုလုပ်ထားကာရေတွင်းဘေး၌ရေနတ်ပူဇော်သည့်နတ်ကွန်း

လည်းရှိသည်။တာ့ပန်ရေတွင်းရှိတွင်းရေသည်ကြည်လင်အေးမြသောရေသွက်အမျိုးအစားဖြစ်

ပြီးလက်ဖက်ရည်နှပ်ဖျော်ရာတွင်အသုံးပြုလျှင်အရသာချိုမြကာတို့ဖူးပြုလုပ်ရာတွင်အသုံးပြု

လျှင်တို့ဖူးမှာနူးညံ့ပြီးခံတွင်းတွေ့စေသည်ဟုပြောစမှတ်ပြုကြသည်။ကြံ့ဆွေဒေသရှိနာမည်ကျော်အနောက်တံခါးတို့ဖူးသည်(၎င်း)င်းရေကိုအသုံးပြု၍ပြုလုပ်ထားခြင်းဖြစ၏်သည်။

    ၎င်းအပြင်ကြံ့ဆွေရှေးဟောင်းမြို့တွင်း၌လီချွမ်ရေတွင်း၊လုံကျင်ရေတွင်း၊ဟုန်ကျင်ရေတွင်း၊

ကျူကောရေတွင်း၊ယုံလန်ရေတွင်း၊ယုံနင်ရေတွင်းအစရှိသောရေတွင်းများလည်းရှိသေးသည်။ထိုရေတွင်းများအထဲ၌တစ်ပေါက်ရေတွင်း၊နှစ်ပေါက်ရေတွင်း၊သုံးပေါက်ရေတွင်း၊လေးပေါက်ရေ

တွင်းများလည်းရှိသည်။ဤကဲ့သို့ရေတွင်းများကိုအခြားဒေသများတွင်အလွန်တွေ့ရခဲလှပေ

သည်။

     များသောအားဖြင့်ရေတွင်းဘေး၌ကျောက်ရေအိုးတစ်လုံးစီရှိပြီးလျှော်ဖွပ်ရာတွင်အသုံးပြု

သည်။“မိမိသဘောကျသောအရာကိုပိုမိုတန်ဖိုးထားကြသည်”ဟုဆိုသကဲ့သို့ကြံ့ဆွေဒေသခံများသည်ထိုကဲ့သို့သောကျောက်ရေအိုးပေါ်၌ပင်ကဗျာစာသားများ၊လက်ရေးလှစာပေများနှင့်ပန်းမန်ပုံများထွင်းထုထားကြသည်။

    မိရိုးဖလာစိုက်ပျိုးရေးကိုအလေးထားသည့်အလျောက်ကျေးလက်မြို့ပြများ၏ဖွဲ့တည်ပုံ

သည်အစောဆုံးကာလများကရေတွင်းဘေးပတ်ဝန်းကျင်ရှိဈေးတန်းပုံအသွင်ဖြစ်ကာရေတွင်း၊

ရေကန်နှင့်ပတ်သက်မှုရှိကြသည်။ရေတွင်း၊ရေကန်အများအပြားနှင့်ဆက်စပ်နေခြင်းတို့ကြောင့်ကြံ့ဆွေဒေသခံများသည်ရှေးကျပြီးမိရိုးဖလာဆန်သော“စစ်ကျင်”နေထိုင်မှုဝန်းကျင်ကိုထိန်းသိမ်း

ထားကြသည်။

    ကြံ့ဆွေဒေသခံများသည်လက်ဖက်ရည်သောက်ရာတွင်အနောက်တံခါးမှတွင်းရေကိုအသုံး

ပြုကြသည်။တရုတ်နိုင်ငံတွင်လူနေမှုစနစ်အရလက်ဖက်ရည်နှင့်အရက်သည်လူတို့၏စားဝတ်နေထိုင်မှု၌အဓိကနေရာမှပါဝင်နေပြီးလက်ဖက်ရည်သောက်သုံးခြင်းနှင့်အရက်ချက်ခြင်းတို့သည်ရေနှင့်ကင်းကွာ၍မရပေ။ရေအမျိုးအစားအမြောက်အမြားထဲမှတွင်းရေသည်ချိုမြကြည်လင်ပြီးအသုံး

ပြုရလွယ်ကူသဖြင့်လက်ဖက်ရည်နှပ်ရာနှင့်အရက်ချက်ရာတွင်အကောင်းဆုံးသောရေဖြစ်သည်။

ကြံ့ဆွေဒေသခံများသည်တွင်းရေ၏ချိုမြမှုအရသာကိုပြည့်ပြည့်၀၀ခံစားကြရသည်။နေ့စဉ်မိုး

သောက်ချိန်နှင့်ညနေစောင်းချိန်တို့၌အများသူငါတို့သည်ရေတွင်းသို့နွားလှည်း၊မြင်းလှည်း၊ဆိုက်ကား၊လက်တွန်းလှည်း၊ကား၊စက်ဘီးအစရှိသည်တို့ဖြင့်သွားရောက်၍ရေခပ်ယူကြသည်။သို့ရာတွင်ရေထမ်းခြင်း၊ရေဆွဲခြင်းတို့ကပိုမိုများပြားသည်။ရှေးယခင်ကဒေသခံများသည်အနောက်တံ

ခါးရေတွင်းမှရေကိုကြေးခရားဖြင့်ကျိုချက်၍လက်ဖက်ရည်နှပ်ပြီးသောက်သုံးကြကာထိုကဲ့သို့မဟုတ်လျှင်လက်ဖက်ရည်ကောင်းမဟုတ်ဟုထင်မှတ်ကြပြီး(၎င်း)င်းကဲ့သို့သောဓလေ့စရိုက်များကိုယနေ့ထိတိုင်ထိန်းသိမ်းထားကြသည်။ကြံ့ဆွေဒေသရှိတို့ဖူးအလွန်နာမည်ကြီးသည့်အကြောင်း

ရင်းမှာ(၎င်း)င်းတို့ဖူးပြုလုပ်ရာတွင်အသုံးပြုသည့်တွင်းရေကောင်းခြင်းကြောင့်ဖြစ်သည်။အ

နောက်တံခါးလမ်းရှိအိုဟောင်းရှေးကျလှသောတံစက်မြိတ်အောက်၌တံခါးအချပ်ချပ်ဖွင့်ထားသောနေရာတွင်တို့ဖူးချက်သည့်ရနံ့များပျံ့လွင့်နေသည်။ကြံ့ဆွေဒေသရှိစားသောက်ဆိုင်ငယ်များသည်တို့ဖူးကိုအဓိကထားရောင်းချကာနယ်စုံဒေသစုံမှလာရောက်ကြသောခရီးသွားတို့သည်တို့ဖူးသုံးဆောင်ရင်းအရသာထူးကိုခံစားကြသည်။

    ကြံ့ဆွေဒေသခံများသည်ရေတွင်းကိုအမြတ်တနိုးတန်ဖိုးထားကြသည်။ရေတွင်း၌ရေတွင်း

လက်ရန်းများပြုလုပ်ထားရုံမကရေဆိုး၊ရေညစ်များကိုဖယ်ထုတ်သည့်ရေမြောင်းများလည်းတူးဖော်ဖောက်လုပ်ထားပြီးရေတွင်းဝန်းကျင်၏သန့်ရှင်းရေး၊ကျန်းမာရေးညီညွတ်ရေးကိုလည်း

ထိန်းသိမ်းစောင့်ရှောက်ကြသည်။လူအများစုသည်တွင်းရေခပ်သည့်အကျင့်ကိုထိန်းသိမ်းထား

ကြပြီးတွင်းထဲသို့အညစ်အကြေးစွန့်ပစ်ခြင်းမပြုကြသကဲ့သို့ရေတွင်းအနီးအနား၌ရိုင်းစိုင်းညစ်

ညမ်းသောအပြောအဆိုများပင်မပြောဆိုကြရပါ။

    ကြံ့ဆွေရှိရေတွင်းအများစုနံဘေး၌နတ်စင်၊နတ်ကွန်းများတည်ထားကာလေးပေါက်ရေတွင်း

ရှေ့တွင်“ကျောက်သလင်းနန်းတော်”တစ်ဆောင်ဆောက်လုပ်ထားပြီးသက်ဆိုင်ရာရေနတ်ကိုပူ

ဇော်ပသကြသည်။ရှေးယခင်ကလူတို့သည် ရေရှိသောနေရာ၌နဂါးရှိသည်ဟုယုံကြည်ကာနဂါး

သည်ကျောက်သလင်းနန်းတော်၌သာနေကြသည်ဟုမှတ်ယူကြသည်။လူအများသည်နေအိမ်များဆောက်လုပ်ရာတွင်လည်းရေတွင်းဘေးဝန်းကျင်ကိုပိုမိုသဘောကျနှစ်ခြိုက်ကြသည်။

    ရေမရှိသောနေရာဒေသတစ်ခုသည်ဝိညာဉ်ပင်မရှိနိုင်ပါ။ကြံ့ဆွေမှာမူရေတွင်းကိုမြတ်နိုးမှု

သည်လူအများ၏နှလုံးသားအတွင်းတွင်အစွဲအလမ်းတစ်မျိုးပင်ဖြစ်လာကာတဖြည်းဖြည်းနှင့်ခံယူချက်တစ်မျိုးပင်ဖြစ်လာပါတော့သည်။