ပေကျင်းမြို့တွင်မိတ်ဆက်ပေးသောတစ်နိုင်ငံအစည်းအဝေးပွဲနှစ်ခုကိုတစ်ကမ္ဘာလုံးကဂရုပြု
နေကြသည်။ယခုလက်ရှိတွင်ကျင်းပမည့်(၄)ကြိမ်မြောက်တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့်(၂၄)
ကြိမ်မြောက်တရုတ်နိုင်ငံကူမင်းသွင်းကုန်ထုတ်ကုန်ကုန်စည်ပြပွဲမိတ်ဆက်ပွဲသည်အစည်းအဝေးပွဲနှစ်ခု၏တွန်းအားပေးကူညီမှုများကိုရရှိခဲ့ပါသည်။တရုတ်နိုင်ငံကွန်မြူနှစ်ပါတီယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးလီကျီဟိန်၊ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးချိန်ဟောင်တို့သည်တောင်အာရှကုန်စည်ပြပွဲအကြောင်းကို ပေကျင်းမြို့တွင် ကိုယ်တိုင်မိတ်ဆက်ပေးခဲ့သည်။ယခုနှစ်ကုန်စည်ပြပွဲသည်ဇွန်လ(၁၂)ရက်နေ့မှ(၁၇)ရက်နေ့အတွင်းကူမင်းမြို့တွင်ကျင်းပမည်ဖြစ်သည်။မော်လဒိုက်သည်ယခုနှစ်ကုန်စည်ပြပွဲ၏ခေါင်းစဉ်နိုင်ငံအဖြစ်သော်လည်းကောင်း၊ဗီယက်နန်နိုင်ငံသည်(၂၄)ကြိမ်
မြောက်ကူမင်းကုန်စည်ပြပွဲ၏အဓိကဧည့်သည်နိုင်ငံအဖြစ်သော်လည်းကောင်းတာဝန်ယူသွားမည်
ဖြစ်သည်။တောင်အာရှ၊အရှေ့တောင်အာရှနှင့်ဥရောပတိုက်၊အာဖရိကတိုက်၊အမေရိကတိုက်၏(၃၉)နိုင်ငံမှနိုင်ငံခြားဆက်ဆံရေးအရာရှိ(၈၀)ကျော်၊နာမည်ကျော်လုပ်ငန်း(၁၇)ခု၊နိုင်ငံခြားလုပ်ငန်းရှင်
များ၊ပြည်သူ့လုပ်ငန်းရှင်များနှင့်ဘဏ္ဍာရေးဌာနတာဝန်ခံများကမိတ်ဆက်ပွဲသို့တက်ရောက်ခဲ့ကြပါသည်။
စီးပွားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးချမ်ခေါ်မင်ကမိတ်ဆက်ပွဲတွင်အောက်ပါအတွေးအမြင်
များကိုပြောဆိုခဲ့သည်။တရုတ်နိုင်ငံနှင့်တောင်အာရှနိုင်ငံများအကြားအကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင်ရှေ့ရေးကောင်းမွန်လှပါသည်။အကျိုးတူရရှိသောအကျိုးအမြတ်များစွာတိုးပွားလာ
သည်။စီမံကိန်းလိုအပ်ချက်များတိုးမြင့်လာနေသည်။လုပ်ငန်းရှင်များအကြားအကျိုးတူပူးပေါင်း
ဆောင်ရွက်ခြင်းလိုအပ်ချက်ပြင်းပြနေကြသည်။ကုန်စည်ပြပွဲသည်ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေး၊ရင်းနှီးမြှုပ်နှံမှုအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ခရီးသွားလုပ်ငန်းအကျိုးတူပူးပေါင်း
ဆောင်ရွက်ခြင်းနှင့်ယဉ်ကျေးမှုဖလှယ်ခြင်းစသည်တို့ကိုတစ်သားတည်းဖြစ်စေသောအထွေထွေကုန်စည်ပြပွဲပလက်ဖောင်းကိုတည်ဆောက်ခြင်း၊တရုတ်နိုင်ငံနှင့်တောင်အာရှ၊အရှေ့တောင်အာရှ
နိုင်ငံများနှင့်အခြားသောနိုင်ငံများအကြားဒေသစီးပွားရေးကူးသန်းရောင်းဝယ်မှု၊လူမှုရေးယဉ်
ကျေးမှုဖလှယ်ခြင်းများအတွက်အရေးပါသောပေါင်းကူးတံတားဖြစ်စေပါသည်။နိုင်ငံတကာမှသံအမတ်မိတ်ဆွေများနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်များကုန်စည်ပြပွဲသို့လာရောက်တတ်ရောက်ရန်၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုများဆွေးနွေးရန်၊တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းများရှာဖွေရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီးလျူကျိမ်မင်ကလည်းအမှာစကားပြောကြားခဲ့သည်။သူသည်
ကံကောင်းစွာဖြင့်ယခင်ကကျင်းပခဲ့သောကုန်စည်ပြပွဲ(၃)ကြိမ်စလုံးကိုတက်ရောက်ခဲ့သည်။ကုန်စည်ပြပွဲ၏တိုးတက်ဖွံ့ဖြိုးလာခြင်းကိုမျက်မြင်ကိုယ်တွေ့ခံစားခဲ့ရသူဖြစ်သည်။တရုတ်နိုင်ငံ၏“တစ်ဇုန်တစ်လမ်း”မဟာဗျူဟာ၊ဘင်္ဂလားဒေ့ရှ်၊တရုတ်၊အိန္ဒိယ၊မြန်မာစီးပွားရေးစင်္ကြံကြီး၊လန်ချမ်းမြစ်-မဲခေါင်မြစ်အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်၊အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်၊
ပိုးလမ်းမကြီးဖောင်ဒေးရှင်းစသည့်အရေးကြီးအကျိုးတူပူးပေါင်းဆောင်ရွက်မှုအကြံပြုချက်များသည်တောင်အာရှ၊အရှေ့တောင်အာရှနိုင်ငံ၏များအကြားအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုဖြစ်ထွန်းစေသည်။အကျိုးအမြတ်ရရှိမှုအခွင့်အလမ်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကိုပိုမိုဖန်တီးနိုင်ခဲ့သည်။နယ်စပ်ကံကြမ္မာတူကံချင်းဆက်နေသောလူ့ဘောင်ကွန်မြူနီတီကိုကောင်းမွန်စွာတည်ဆောက်နိုင်ရန်ဒေသခံပြည်သူလူထုအတွက်အကျိုးအမြတ်များစွာကိုလက်တွေ့ရရှိနိုင်ရန်အကျိုးမျှော်ကိုးသည်။
တရုတ်နိုင်ငံအခြေစိုက်အာဖဂန်နစ္စတန်နိုင်ငံသံအမတ်မိုဟာမက်တက်ခါပီဖလာရှီ၊ တရုတ်နိုင်ငံ
အခြေစိုက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ခါလီမူ၊တရုတ်နိုင်ငံအခြေစိုက်နီပေါနိုင်ငံသံအမတ်မာဟော်
စီခူမာအော်မာစီကျီ၊တရုတ်နိုင်ငံအခြေစိုက်ပါကစ္စတန်နိုင်ငံသံအမတ်မာစူတယ်ဟာလီတယ်၊တရုတ်နိုင်ငံအခြေစိုက်သီရိလင်္ကာနိုင်ငံသံအမတ်ခါနူနစိုက်နခေါ်တယ်ထူဝါ၊ တရုတ်နိုင်ငံအခြေစိုက်အင်ဒိုနီးရှားနိုင်ငံသံအမတ်စူကန်လဟာမော်ကျော်၊တရုတ်နိုင်ငံအခြေစိုက်မြန်မာနိုင်ငံသံအမတ်ဦးတင်လင်းဦး၊တရုတ်နိုင်ငံအခြေစိုက်ဘိုလီးဗီးယားနိုင်ငံသံအမတ်အိုက်လီဝေထော်ဂျီစီဖေ၊တရုတ်နိုင်ငံအခြေစိုက်အီကွေဒေါနိုင်ငံသံအမတ်ဟောစိုက်မာလီရာပေါအော်ဟာ၊တရုတ်နိုင်ငံအခြေစိုက်တောင်အာဖရိကသံအမတ်တော်လနမူစီမန်တို့အသီးသီးအမှာစကားများပြောကြားခဲ့ကြသည်။အားလုံးဖော်ညွှန်းနေသည်မှာယခင်ကကုန်စည်ပြပွဲကိုအောင်မြင်စွာ(၃)ကြိမ်ကျင်းပနိုင်ခဲ့သည်။တောင်အာရှကုန်စည်
ပြပွဲသည်ဘေးပတ်ဝန်းကျင်နိုင်ငံများအပေါ်သက်ရောက်မှုများစွာရှိခဲ့သည်။နိုင်ငံတကာအကြားစီးပွားရေးကူးသန်းရောင်းဝယ်ရေးယဉ်ကျေးမှုဖလှယ်ရေးများအဆက်မပြတ်အရှိန်တိုးမြင့်ခဲ့သည်။နိုင်ငံတကာမှနည်းမျိုးစုံဖြင့်ကုန်စည်ပြပွဲသို့တက်ရောက်ပါဝင်ခဲ့ကြသည်။တောင်အာရှကုန်စည်ပြပွဲကြီးအောင်မြင်မှုများရရှိနိုင်ပါစေလို့ဆုတောင်းမျှော်လင့်နေပါသည်။
(၄)ကြိမ်မြောက်ကုန်စည်ပြပွဲသည်“ချစ်ခင်ရိုးသားပွင့်လင်းခြင်း၊အခွင့်ထူးခံစားနိုင်ခွင့်ရှိခြင်း၊
အကျိုးတူပူးပေါင်းအကျိုးအမြတ်ဖြစ်ထွန်းခြင်း”ဟူ၍ခေါင်းစဉ်ထားကာ“တရုတ်-တောင်အာရှနိုင်ငံများနှင့်ဘက်စုံအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းနှင့်တိုးတက်ဖွံ့ဖြိုးခြင်း”ကိုရည်မှန်းချက်ထား
ကာပြပွဲပြခန်း၏စုစုပေါင်းမျက်နှာပြင်ဧရိယာသည်(၁)သိန်း(၇)သောင်းစတုရန်းမီတာခန့်ရှိသည်။ပြခန်းပေါင်း(၈၀၀၀)ကျော်ရှိပါသည်။ ပြခန်းမျက်နှာပြင်ဧရိယာသည် ယခင်နှစ်ထက်ရာခိုင်နှုန်း
(၃၈%)မှ(၃၀%)အထိတိုးလာပါသည်။ပြည်ပပြခန်းများကိုရာခိုင်နှုန်း(၅၀)ကျော်နေရာချထားပေးသည်။အဆိုပါကာလအတွင်းတွင်(၁၁)ကြိမ်မြောက်တရုတ်-တောင်အာရှစီးပွားရေးဖိုရမ်၊(၄)ကြိမ်
မြောက်တရုတ်-တောင်အာရှအသိပညာရေးအကြံပေးThinktankဖိုရမ်၊(၈)ကြိမ်မြောက်ွGMSစီးပွားရေးစင်္ကြံအစီအစဉ်သီတင်းပတ်နှင့်တရုတ်-တောင်အာရှအရှေ့တောင်အာရှအနုပညာသီတင်းပတ်စသည့်အစီအစဉ်များစွာကိုလည်းကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ်တွင်အဆိုပါကုန်စည်ပြပွဲသည်ပြခန်း(၁၇)ခန်းကိုအသုံးပြုပြီးယခင်နှစ်ထက်(၅)ခန်းတိုးချဲ့ကာခရီးသွားလုပ်ငန်းပြခန်း၊ထုတ်လုပ်ရေးလုပ်ငန်းပြခန်း၊သတင်းအချက်အလက်ပြခန်း၊အပြည်ပြည်ဆိုင်ရာစွမ်းအင်ထုတ်လုပ်ရေးအကျိုးတူပူးပေါင်းဆောင်ရွက်မှုပြခန်း၊အာဆီယံပြခန်း၊တောင်အာရှပြခန်း၊အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးပြခန်း၊ဂျပန်ကိုးရီးယားနှင့်တရုတ်ဟောင်ကောင်မကာအိုပြခန်း၊တရုတ်ထိုင်ဝမ်ပြခန်း၊စက်ကိရိယာပြခန်း၊ကုန်းမြင့်ဒေသအထူးစိုက်ပျိုးရေးပြခန်း၊ကျန်းမာရေးအပန်းဖြေပြခန်း၊ကျောက်မျက်အနုပညာပြခန်း၊သစ်ပင်အနုပညာပြခန်းစသည်တို့ရှိပါသည်။
ချိန်ဟောင်ကပင်မခေါင်းစဉ်အကြောင်းအမှာစကားပြောဆိုရာတွင်ဤကဲ့သို့ပြောကြားပါသည်
။တရုတ်နိုင်ငံ၏“တစ်ဇုန်တစ်လမ်း”မဟာဗျူဟာစီမံကိန်းထဲတွင်ယူနန်ပြည်နယ်သည်ဘင်္ဂလားဒေ့ရှ်၊တရုတ်၊အိန္ဒိယ၊မြန်မာစီးပွားရေးစင်္ကြံနှင့်တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ်စီးပွားရေးစင်္ကြံတည်ဆောက်သည့်အခါတွင်အရေးပါသောအဓိကပြည်နယ်ဖြစ်သည်။ယခုလက်ရှိတွင်ယူနန်ပြည်နယ်သည်တရုတ်နိုင်ငံအတွင်းဆွဲဆောင်မှုအရှိဆုံးသောပြည်နယ်များအနက်တစ်ခုဖြစ်နေသည်။နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းရှင်များစွာသည်ယူနန်ပြည်နယ်သို့လာရောက်စီးပွားရှာကြသည်။ရင်းနှီး
မြှုပ်နှံမှုများပြုလုပ်သည်။ကျွန်တော်တို့သည်“တစ်ဇုန်တစ်လမ်း”မဟာဗျူဟာအတိုင်းလိုက်ပြီးစီးပွားရေးအတူလုပ်ဆောင်ခြင်း၊အတူတည်ဆောက်ခြင်း၊အတူမျှဝေခံစားခြင်းစသည့်တိုးတက်ဖွံ့
ဖြိုးမှုအတွေးအမြင်ဖြင့်ကမ္ဘာလောက၏အခြေအနေအမျိုးမျိုး၊စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း
ဖြစ်ခြင်း၊ယဉ်ကျေးမှုမျိုးစုံရှိခြင်း၊သတင်းအချက်အလက်များရရှိရန်လွယ်ကူခြင်းဖြစ်နေသော
ခေတ်ရေစီးကြောင်းနောက်ကိုလိုက်ရပါမည်။မျိုးစုံသောအလေးပေးတိုးတက်ဖွံ့ဖြိုးမှုစမ်းသပ်ဇုန်များ၊စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်မှုဇုန်များ၊အထွေထွေအခွန်လွတ်ဇုန်များတည်
ဆောက်မှုများကိုလျင်မြန်စွာပြီးဆုံးအောင်တွန်းအားပေးဆောင်ရွက်သင့်ပါသည်။ဒေသဆိုင်ရာ
နယ်စပ်ဂိတ်ဖြတ်သန်းမှုတစ်သားတည်းဖြစ်စေရေး၊ပြောင်းလဲမှုများ၊အိမ်နီးချင်းနိုင်ငံနှင့်စီးပွားရေးကူးသန်းရောင်းဝယ်မှု၊သိပံ္ပနည်းပညာ၊ယဉ်ကျေးမှုသင်ကြားရေး၊ခရီးသွားကဏ္ဍစသည့်အပိုင်းကဏ္ဍများတွင်ဘက်စုံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုပြုလုပ်သင့်သည်။လမ်းပန်းဆက်သွယ်ရေး၊လေကြောင်းလိုင်း၊သတင်းအချက်အလက်စသည့်အပိုင်းကဏ္ဍများတွင်အပြန်အလှန်ဆက
သွယ်မှုများတည်ဆောက်ခြင်း၊ယူနန်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ထွန်းစေခြင်း၊တရုတ်နိုင်ငံ
နှင့်တောင်အာရှအရှေ့တောင်အာရှကိုဝန်ဆောင်မှုပေးခြင်းနှင့်ကမ္ဘာ့နိုင်ငံအသီးသီး၏ချစ်ကြည်ရင်းနှီးစွာဆက်ဆံခြင်းနှင့်အပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းစေခြင်းအတွက်အထောက်အကူဖြစ်
အောင်ဆောင်ရွက်မည်ဖြစ်ပါသည်။နိုင်ငံတကာသံအမတ်များ၊စီးပွားရေးရင်းနှီးမြှုပ်နှံလိုသူများ၊
လုပ်ငန်းရှင်ကိုယ်စားလှယ်များသည်ယင်းအကြိမ်ကျင်းပသောတောင်အာရှကုန်စည်ပြပွဲကိုဆက်လက်ထောက်ပံ့ပေးကြပါရန်မျှော်လင့်ထားပါသည်။စက်မှုစီးပွားရေးနယ်ပယ်တွင်းသို့အားစိုက်
မိတ်ဆက်ပေးခြင်း၊အရေးပါနိုင်ငံရေးခေါင်းဆောင်များကိုဖိတ်ခေါ်ခြင်း၊စီးပွားရေးလုပ်ငန်းရှင်
များအသင်း၊နာမည်ကျော်နိုင်ငံခြားလုပ်ငန်းရှင်အဖွဲ့များနျင့်အတူကုန်စည်ပြပွဲသို့တက်ရောက်ကြ
ပြီးတိုးတက်ဖွံ့ဖြိုးမှုလမ်းစဉ်ကိုအတူရှာဖွေနိုင်ကြရန်စောင့်မျှော်နေပါသည်။