တရုတ်မြန်မာနယ်စပ်ခရီးသွားစမ်းသပ်ဇုန်တည်ဆောက်ရန်တရုတ်ကအရှိန်အဟုန်မြင့် ဆောင်ရွက်

2016-05-20 10:38:39 |သတင်းအရင်းအမြစ် 德宏缅文网

  တရုတ်မြန်မာနယ်စပ်ခရီးသွားလုပ်ငန်းသည် တက်ဟုန်းပြည်နယ်ခွဲတွင် အကောင်အထည် ဖော်ဆောင်ရွက်နေ သော တရုတ်နိုင်ငံတော်အဆင့် "ဇုန်တစ်ခု၊လမ်းကြောင်းတစ်ခု" မဟာဗျူဟာ နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစင်္ကြံ BCIM တည်ဆောက်ခြင်း၏ အရေးပါ သော ကဏ္ဍတစ်ခုတွင် ပါဝင်ကာ တက်ဟုန်းပြည်နယ်ခွဲ၏ အဓိကကျသော ခရီး သွားလုပ်ငန်း ဖြစ် သည်။ သို့ရာတွင် ယခင်နှစ်များ၏ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် စိုးရိမ်စရာကောင်း လှပြီး အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် က တရုတ်မြန်မာနှစ်နိုင်ငံ နယ်စပ်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့်တရုတ် မြန်မာနှစ်နိုင်ငံ ပြည်သူများအပြန်အလှန် ၀င်ထွက်သွားလာမှု လွယ်ကူစေရန် တိုးမြင့် ဆောင်ရွက် သွား မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူစေရန်၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ပူးပေါင်းဇုန် ဖွံ့ဖြိုး တိုးတက်စေရန် မြင့်တင်သွားမည်ဖြစ်ကာ နယ်စပ်ခရီးသွား စမ်းသပ်ဇုန် တည် ဆောက်ရေုး လေ့လာ ဆန်းစစ်မှုများ အရှိန်အဟုန်မြင့် ပြုလုပ်သွား မည်ဟု သတင်းမီဒီယာများ၏ မေးမြန်းချက်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။

  ဆက်လက်ပြီး အမျိုးသား ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်မှ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခရီးသွားပူးပေါင်းဆောင် ရွက်မှု စနစ်များ ဖွဲ့စည်း တည်ထောင်သွား ကာ၊ တရုတ်မြန်မာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး ၏ ဖွံ့ဖြိုးတိုးတက်မှု သုတေသနကို တိုးမြင့် လုပ်ဆောင် သွားရန်၊ ထို့အပြင် နယ်စပ်ခရီးသွားလာ ရေးလုပ်ငန်းကို ခရိုင်အဆင့် ပြည်သူ့ရဲလုံခြုံရေးဌာန များသို့ ခွင့်ပြုချက် အခွင့် အာဏာများပေး အပ်ကာ ကျန်းဖုန်း၊လိုင်ဇာ စသည့်ဒေသနှစ်ခုကို တရုတ်မြန်မာနှစ်နိုင်ငံ၏ နိုင်ငံတော်ဒုတိယအဆင့် ဂိတ်စခန်းများအဖြစ် ဖွင့်လှစ်ကာ နယ်စပ်ခရီးသွားလာရေး လမ်းကြောင်းတစ်ခု အဖြစ် ဖွင့်လှစ်သွား ရန်၊ တရုတ်နိုင်ငံ ခရီးသွားများ အတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဗီဇာ ဆောင် ရွက် ရာတွင် အဆင်ပြေ လွယ်ကူပေးစေရန် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

  (ယူနန်ရိုက်တာသတင်းဌာနမှ ကောက်နှုတ်ဖော်ပြသည်)