လီခေ့ချန်က ကမ္ဘာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနားတွ

2016-05-23 10:07:00 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ၁၉-ရက်နေ့တွင် ပီကင်း ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော ပထမအကြိမ် ကမ္ဘာ့ ခရီးသွားလုပ်ငန်းဖြွုံ့ဖိုးတိုးတက်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

လီခေ့ချန်ကတရုတ်အစိုးရသည်ခရီးသွားလုပ်ငန်း၏အခန်းကဏ္ဍကိုအလေးထားကြောင်း၊ခရီးသွားလုပ်ငန်းပြုပြင်ပြောင်းလဲရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့်ဥပဒေနှင့် မူဝါဒများကို ရှေ့ဆင့်နောက်ဆက် ထုတ်ပြန်ခဲ့ကြောင်း ရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်းသည် အမျိုးသားစီးပွါးရေး၏ ကျောရိုးမိုဏ်တိုင်လုပ်ငန်းတစ်တရပ်ဖြစ်လာစေရန် ဖြစ်ကြောင်း ပြောပါသည်။