ကျောရိုးမဏ္ဍိုင် အင်အားဖြစ်ဟု ဗြိတိန် ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

2016-05-23 10:26:25 |သတင်းအရင်းအမြစ် 国际在线

ဗြိတိန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး လျူရှောင်မင်က ၂၀ရက်နေ့က ဗြိတိန်နိုင်ငံ နာမည်ကျော် တတ်သိပညာရှင်များအဖွဲ့ဖြစ်သည့် နိုင်ငံတကာ မဟာဗျူဟာ သုတေသန ဌာနတွင် တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြည် အနေနှင့် တောင်ပင်လယ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တလျှောက်လုံး သည်းခံစိတ်ထားပြီး အပြုသဘောဆောင်သော သဘောထားနှင့် တာဝန်သိမှု သဘောထား ဖြင့်ဆောင်ရွက်ကြောင်း၊ တရုတ်ပြည်သည် တောင်ပင်လယ် အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် ကျောရိုးမဏ္ဍိုင် အင်အားဖြစ်ကြောင်းလည်း ပြောကြား  သည်။