၂၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကာဇက်စတန် နိုင်ငံ အာလာမာ အာတာမြို့တွင် တရုတ်နှင့် ကာဇက်စတန် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လွန်ခဲ့သော ၂နှစ်အတွင်း One Belt and Road တည်ဆောက်မှုကို စတင် အဆင်ပြေ ကောင်းမွန်စွာ ဆောင်ရွက်ပြီး အရေးကြီးသည့် အစဦးပိုင်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။
၎င်းအောင်မြင်မှုများတွင် နိုင်ငံတကာ သဘောတူညီမှု တစ်နေ့တခြား တိုးပွားလာခြင်း၊ ငွေကြေးဆိုင်ရာ ကျားကန်ပေးမှုစနစ် အခန်းကဏ္ဍမှ စတင်ပါဝင်ဆောင်ရွက်ခြင်း၊ အပြန်အလှန် ဆက်သွယ်ရေး ကွန်ရက် တဖြည်းဖြည်း ဖြစ်တည်လာခြင်း၊ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့် တွန်းအားပေးခြင်း၊ စီးပွားရေးစင်္ကြန် တည်ဆောက်မှုတွင် အရေးကြီး တိုးတက်မှု ရရှိခြင်း၊ တရုတ်-ဥရော ကုန်တင်ရထား အမှတ်တံဆိပ် လူသိများလာခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဒလကြမ်း တိုးလာခြင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှု ပိုမိုနွေးထွေးလာခြင်းတို့ ပါဝင်ကြောင်း သိရသည်။