၂၁ရက်နေ့က ကာဇက်စတန် နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အာလာမာအာတာမြို့တွင် ကာဇက်စတန် နိုင်ငံခြားရေး ဝန်ကြီး အီဒ်ရီစိုဗ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိက တရုတ်နှင့် ကာဇက်စတန်သည် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဖြစ်ပြီး အရေးပါ အိမ်နီးချင်း နိုင်ငံလည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား အစဉ်အလာ ချစ်ကြည်မှု ရှိကြောင်း၊ တရုတ်ပြည် အနေနှင့် တရုတ်-ကာဇက်စတန် ဆက်ဆံမှု အပေါ် အလွန်အလေးထားကြောင်း၊ နှစ်နိုင်ငံ အကြား မဟာဗျူဟာ ဆက်သွယ်မှု ကိုပြုလုပ်ပြီး မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်ကာ မဟာဗျူဟာအကျိုး စီးပွားကို ထိန်းသိမ်းကာကွယ်၍ တရုတ်-ကာဇက်စတန် အကျိုးစီးပွား အသိုက်အဝန်းနှင့် ကံကြမ္မာ အသိုက်အဝန်းကို တစ်ဆင့်တိုး တည်ဆောက်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဝန်ကြီး အီဒ်ရီစိုဗ်က ကာဇက်စတန်သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်ပြည် တင်ပြခဲ့သော ပိုးလမ်းမကြီး စီးပွားရေး လမ်းကြောင်း အဆိုးပြုချက်၏ အရေးကြီး အနက်အဓိပ္ပါယ်ကို တန်ဖိုးထား ချီးကျူးကြောင်း၊ ကာဇက်စတန်-တရုတ် ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှ အောင်မြင်မှုများ အပေါ် အလွန် ကျေနပ်မိကြောင်းလည်း ပြောကြားသည်။