စပျစ်လျှိုမြောင်သည်စင်းကျန်းထူလူဖန်းမြို့အရှေ့မြောက်ဘက်(၁၀)ကီလိုမီတာအကွာ၊မီးလျှံ
တောင်အနောက်ဘက်၌ လျှိုမြောင်တစ်ခုအဖြစ် တည်ရှိပြီး၊ စပျစ်သီးလှိုင်လှိုင် ထွက်ရှိခြင်းကြောင့် (၎င်း)င်းအမည်မှည့်ခေါ်ခြင်းဖြစ်ပါသည်။တောင်မြောက်(၇)ကီလိုမီတာခန့်ရှည်လျား၍၊အရှေ့အ
နောက်(၂)ကီလိုမီတာခန့်ကျယ်ဝန်းသည့်လျှိုမြောင်တစ်ခုဖြစ်ပါသည်။ဘေးနှစ်ဘက်တောင်စောင်းပေါ်၌ လှေကားထစ် လယ်ယာအထပ်ထပ်နှင့် စပျစ်ခင်းများတဆက်တစပ်တည်း ဖြစ်နေပြီး၊ နေရာတိုင်းတွင်ဆိုင်းဆိုင်းဝေေ၀စိမ်းစိမ်းညိုညိုနှင့်ရှိနေသည်မှာအစိမ်းရောင်ပင်လယ်သမုဒ္ဒရာနှင့်မခြားလှပေ။(၎င်း)င်းအစိမ်းရောင်ပင်လယ်သမုဒ္ဒရာအတွင်းတွင်အသီးပင်အမျိုးမျိုးနှင့်အလှဆင်ထားပြီး၊ထူထပ်ြွပတ်သိပ်နေသောတောရိပ်မြိုင်ခြေအတွင်း၌လယ်တဲအဆောင်ဆောင်ဖြင့်အုပ်အုပ်ဆိုင်းဆိုင်းဝေေ၀စည်စည်ရှိလှပါသည်။စပျစ်သီးများအခြောက်ခံသော“လေသလပ်ခံခန်း”များ
သည်တောင်စောင်းအောက်၊လယ်ယာဝင်းခြံများအတွင်း၌စီစီရီရီရှိနေသည်မှာတမူထူး၍နေပါ
သည်။
ရှုခင်းလှပတင့်တယ်သောစပျစ်လျှိုမြောင်သည်အရည်အသွေးကောင်းမွန်သောစပျစ်သီးများ
လှိုင်လှိုင်ထွက်ရှိခြင်းကြောင့်ပြည်တွင်းပြည်ပနာမည်ကျော်ကြားသည်။(၎င်း)င်းဒေသတွင်အစေ့မဲ့စပျစ်ဖြူကိုအဓိကထားစိုက်ပျိုး၍မနိုက်ဂျစ်၊စပျစ်နီအစရှိသောအမျိုးအစား(၁၃)မျိုးလည်းရှိပါသည်။(၎င်း)င်းအသီးများသည်အ၀ိုင်းပုံ၊ဥသဏ္ဌာန်၊ငှက်ပျောဖူးပုံအစရှိသည့် ပုံသဏ္ဌာန်များပေါ်နေပြီး အချို့စပျစ်သီးများသည်ပုလဲလုံးလေးများအလားကြည်လင်ဝင်းပနေပြီး၊အချို့မှာတောက်ပရွှန်းတင့်သော မဟူရာကဲ့သို့ရှိ၍၊ အချို့မှာမြကျောက်သယောင် စိမ်းစို၍ နေပါသည်။ (၎င်း)င်းကဲ့သို့ အရောင်အသွေးစုံ၊မြစိမ်းရောင်အြွပတ်လိုက်အခိုင်လိုက်ရှိသည့်လတ်ဆတ်သော စပျစ်သီးများကို မြင်တွေ့ရသူများအဖို့သွားရည်များပင်တများများယိုကျနိုင်စေပါသည်။အထူးသဖြင့်ဤဒေသ
ထွက်အစေ့မဲ့စပျစ်ဖြူသည်အခွံပါးလွှာခြင်း၊အသားနုညံ့ခြင်း၊အရည်ရွှမ်းခြင်း၊အရသာကောင်းမွန်
ခြင်း၊အာဟာရဓာတ်များပြည့်ဝခြင်းတို့ကြောင့်“ပုလဲလုံးလေးများ”ဟူသောအမည်ကောင်းနှင့် လိုက်ဖက်နေပါသည်။ (၎င်း)င်းတွင် သကြားဓာတ် (၂၀- ၂၄%)ကျော်အထိ ပါဝင်ခြင်းကြောင့် သကြားပါဝင်မှုတွင် ကမ္ဘာ့ထိပ်တန်းဟုပင်ဆိုနိုင်ပါသည်။ လတ်ဆတ်သောအစေ့မဲ့စပျစ် ဖြူကို အသုံးပြု၍အခြောက်ခံထားသောစပျစ်ခြောက်တွင်သကြားပမာဏ(၆၀%)ကျော်ပါဝင်ပြီး စပျစ်သီးများထဲ၌အဖိုးတန်ဆုံးပစ္စည်းအဖြစ်မှတ်ယူခြင်းခံရပါသည်။ရှေးဟောင်းစာပေမှတ်တမ်းများအရ စပျစ်လျှိုမြောင်အတွင်း စပျစ်စိုက်ပျိုး သည်မှာ နှစ်ပေါင်းထောင်ချီပင်ရှိသည်ဟု သိရှိရပါသည်။ မျက်မှောက်ကာလတွင် ထိုဒေသအနီး၌ သစ်သီးအရက်ချိုစက် ရုံထူထောင်ပြီး အရည်အသွေးပြည့်မီသောသစ်သီးဝလံအရင်းအမြစ်များကိုအသုံးပြု၍စပျစ်ဝိုင်၊စပျစ်စည်သွတ်
ဗူး အစရှိ သော ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်လျက်ရှိပါသည်။