လူ့ပြည်ကနယ်မြေသန့်ဖြစ်သောခါးနာ့စ်အင်း

2016-05-24 10:25:02 |သတင်းအရင်းအမြစ် 吉祥杂志

    ခါးနာ့စ်အင်းသည်တရုတ်ပြည်စင်းကျန်းပြည်နယ်အယ်လထိုက်ဒေသပုလ်ကျင်းခရိုင်မြောက်

ဖက်တွင်တည်ရှိသောကျော်ကြားသည့်ရေချိုအင်းအိုင်တစ်ခုဖြစ်သည်။အယ်လထိုက်တောင်တန်းအတွင်းတွင် တည်ရှိပါသည်။အဆိုပါအင်းအိုင်သည်ရှုခင်းသာယာလှပသည်။ပတ်ဝန်းကျင်သစ်တောသစ်ပင်ပေါများသည်။အဓိကမှီတင်းနေထိုင်လျက်ရှိနေသောလူများမှာထူဝါတိုင်းရင်းသားလူမျိုးများဖြစ်ပါသည်။တရုတ်ပြည်နိုင်ငံတော်ခရီးသွားရှုခင်းသာနေရာအဆင့်(၅ဗ)မှာသတ်မှတ်ခြင်းခံရပါသည်။

    ခါးနာ့စ်သည်မွန်ဂိုဘာသာဖြစ်သည်။အဓိပ္ပါယ်မှာ“သာယာလှပ၊ဆန်းကျယ်အံ့ဖွယ်”ဟူ၍ဖြစ်

သည်။ခါးနာ့စ်အင်းသည်ပုလ်ကျင်းခရိုင်၏မြို့နယ်နှင့်(၁၅၀)ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ အင်းရေမျက်နှာပြင်သည်ပင်လယ်ရေမျက်နှာပြင်အထက်(၁၃၇၄)မီတာတွင်ရှိနေပါသည်။မျက်နှာ

ပြင်ဧရိယာမှာ(၄၄.၇၈)စတုရန်းကီလိုမီတာရှိပါသည်။အယ်လထိုက်တောင်သစ်တောနက်အတွင်း တွင်တည်ရှိသောတောင်ပေါ်အင်းအိုင်တစ်ခုဖြစ်ပါသည်။ကျော်ကြားသောပေါကက်တာသဘာဝကန်ကြီးထက် (၁၀) ဆမျှ ပိုကြီးပါသည်။ အင်းအလယ်အနက်ဆုံးနေရာသည် (၁၉၈) မီတာနီးပါး ရှိပါသည်။လှိုင်းထန်နေသောအင်းရေပြင်သည်ရာသီဥတုကိုလိုက်ကာအရောင်ပြောင်းလဲနေတတ်သဖြင့် “အရောင်ပြောင်းအင်းအိုင်”အဖြစ်လည်း ကျော်ကြားလှပါ သည်။

    ခါးနာ့စ်အင်းသည်ကွေးနေသောပဲသီးသဏ္ဌာန်ရှိနေပါသည်။အင်း၏အရှေ့ဘက်လခြမ်း၏

ကွေးနေသောအတွင်းခြမ်းမှာအင်းရေအလယ်သို့ထိုးထွက်နေသောစင်(၆)ခုရှိ နေရာ အင်းရေအား  စနစ်တကျအကွေ့(၆)ခုဖြစ်ပေါ်စေသည်။အကွေ့တိုင်းတစ်ခုစီမှာဒဏ္ဍာရီပုံပြင်တစ်ခုစီရှိနေပါသည်။ ထိုအထဲ အကွေ့တစ်ခု၏စင်ပေါ်မှာ ဆိတ်နောက်ကျောကုန်းနှင့် တူသော ကျောက်တုံးတစ်တုံး  ရှိပါသည်။  ဆိတ်တစ်ကောင် အင်းရေကိုရှုစားနေသကဲ့သို့ ဖြစ်နေပါသည်။ အကွေ့ (၃)ခု၏ အင်းမျှော်ကြည့်စင်သည်အင်းရေမျက်နှာပြင်အပေါ်နေ၀င်သည်ကိုရှုစားလေ့လာရန်အကောင်းဆုံးနေရာဖြစ်ပါသည်။နံနက်အရုဏ်နေထွက်ချိန်(သို့)ညနေဆည်းဆာနေ၀င်ချိန်တွင်လှေကိုစီး၍လည်းကောင်း၊  စတုတ္ထ စင်ပေါ်ရပ်ပြီးလည်းကောင်း၊ အင်းရေ၏လျှို့ဝှက်ချက်သို့လေ့လာဆန်းစစ်ရန် အကောင်းဆုံး ဖြစ်ပါသည်။ ကံကောင်းလျှင်“အင်းသရဲ”ကိုပင် မြင်တွေ့နိုင် ဦးမည်ဖြစ်ပါသည်။ မြောက်ဘက်အစွန်းအင်းအတွင်းသို့ဝင် ရောက်သည့် တြိဂံဒေသ တစ်ဝိုက်တွင် ရွှံ့နွံစိုစွတ်ဒေသနှင့် ချောင်းအကွေ့သဲသောင်ပြင်အတူတကွဖြစ်ထွန်းနေပါသည်။မြေအနေအထားညီညာပြန့်ပြူးသည်။ပန်းမန်မြက်ပင်နှင့်သစ်တောသစ်ပင်များအတူရှင်သန်ကြီးထွားနေသည်။နေရာတကာတွင်အသက်ဝင်နေသော အခြေအနေမျိုးကိုမြင်တွေ့နေ မည်ဖြစ်သည်။ ခါးနာ့စ်အင်း၏အထက်ပိုင်းတွင်  အင်းအလယ်ကျွန်းသည် ရေမျက်နှာပြင်အပေါ်တွင်ပေါ်ထွန်းလျက်ရှိနေပါ သည်။ ပတ်ဝန်းကျင်မှာ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်း၊  အင်းရေ မှာမူ ကြည်လင်တောက်ပနေလျက်။

အင်းရေပတ်ပတ်လည်တွင် မူလရှေးဟောင်းသစ်တော များ ထူထပ်နေလျက်။ ယန်းဖောခေါ် တောင်ကုန်းအပေါ်တွင်သစ်ပင်ချုံနွယ်များဖုံးအုပ်နေလျက်ရှိနေသည်ကိုတွေ့မြင်နိုင်မည်ဖြစ်ပါသည်။ဆောင်းကူးရာသီရောက်တိုင်းအရောင်မျိုးစုံလင်စွာဖြင့်ပန်းချီကားချပ်အလားရှုခင်းသာယာလှပလျက်ရှိနေပါသည်။ထိုနေရာတွင်တောင်ပိုင်းဆိုက်ဘေးရီးယားဒေသသတ္တရုက္ခမျိုးနွယ်စုများကိုတွေ့မြင်နိုင်သောတရုတ်ပြည်၏တစ်ခုတည်းသောနေရာဒေသဖြစ်သည်။ပေါက်ရောက်လျက်ရှိ

သော ဆိုက်ဘေးရီးယားမျိုးနွယ်စု သစ်ပင်များမှာ ရွက်ကျပင်ထင်းရူး၊ ထင်းရူးနီ၊ ထင်းရူးမွှေး စသည့်အဖိုးတန် သစ်ပင်များ အပြင် သိရှိပြီးသောမျိုးနွယ်စု (၈၃) မျိုး၊ မျိုးနွယ်ခွဲ (၂၉၈)မျိုး၊ အမျိုးအစား(၇၉၈)မျိုး၊တိရစ္ဆာန်မျိုးနွယ်စု(၃၉)မျိုး၊ငှက်မျိုးနွယ်စု(၁၁၇)မျိုး၊ရေနေကုန်းနေတွားသွားတိရစ္ဆာန်မျိုးနွယ်စု(၄)မျိုး၊အင်းဆက်ပိုးမွှားမျိုးနွယ်စု(၃၀၀)ကျော်စသည်တို့ကိုတွေ့ရှိနိုင်ပါ

သည်။ခါးနာ့စ်အင်းရေအတွင်းတွင်ကျယ်လော်ဆယ်မန်ငါး၊ကြေးခွံသေးဆယ်မန်ငါး၊မြစ်ငါးကော့၊ အယ်လထိုက်ငါး၊ဆိုက်ဘေးရီးယားငါးစသည့်ရှားပါးငါးမျိုးကိုလည်းတွေ့မြင်နိုင်ပါသည်။အထူးသဖြင့်ကျယ်လော်ဆယ်မန်ငါးသည် ကိုယ်အရှည် ၂-၃ မီတာခန့်ရှိပြီး (၁၀) ကီလိုဂရမ်ကျော်အထိ  လေးပါသည်။ငါး၏ကိုယ်မှာအနီရောင်သန်းနေသဖြင့်ငါးနီကြီးဟုလည်းခေါ်ကြပါသည်။ပညာရှင်

ပါရဂူများ၏လေ့လာချက်များအရခါးနာ့စ်အင်း သရဲဆိုသည်မှာ အဆိုပါကျယ်လော်ဆယ်မန်ငါးကို ဆိုလိုခြင်း ဖြစ်သည်ဟူ၏။

    ခါးနာ့စ်အင်းသည်သဘာဝအရင်းအမြစ်နှင့်ဇီဝမျိုးနွယ်သည်။အနောက်ဌာနီ၏အကောင်းဆုံးရှု

မျှော်ခင်းနေရာ၊နတ်တို့၏စံရာမြေဟုမပြောဘဲမနေနိုင်ပါ။မြောက်ဘက်တွင်ဖြူဖြူဖွေးဖွေးဆီးနှင်း

တွေ ရှိနေသော ခွေချွင်းတောင်၊  တိမ်အကြား  မြင့်မားထိုးထွက်နေသော ချစ်ကြည်ရေးတောင်၊ အင်းပတ်လည်ဝိုင်းနေသောတောင်အထပ်ထပ်၊ပန်းချီကားချပ်အလားလှပနေသောတောတောင်ရှုခင်း စသည်တို့ကို တွေ့မြင်နိုင်ပါသည်။ မတူသော သစ်ပင်များသည် မတူသောအဆင့် မျိုးစုံတို့ဖြင့် ရောင်စုံကွဲပြားခြားနားလျက်ရှိနေပါသည်။ဆောင်းကူးရာသီရောက်တိုင်းအရောင်ပိုမိုများပြားစုံလင်လျက်ရှိနေပါသည်။ရွှေဝါရောင်၊အနီရဲရောင်၊အစိမ်းရင့်ရောင်စသည်ဖြင့်အရောင်မျိုးစုံရှိနေပါသည်။သစ်ရွက်ထူထပ်၊ သစ်ရွက်ဆွေးပေါ်ရေညှိ တက်၊ မြက်ရိုင်းများနေရာအနှံ့၊ တောင်ပေါ်မှ ပန်းများဝေေ၀ဆာဆာပွင့်လန်း၊ ငြိမ်သက်နေသော အင်းရေမျက်နှာပြင်သည် ကျောက်စိမ်းကဲ့သို့ စိမ်းစိုနေ၊တဖန်ရာသီဥတုအလိုက်အရောင်မျိုးစုံပြောင်းလဲနေ၊တိမ်တွေမြူတွေအကြားနှင်းတောင်ထိပ်၊နွေဦးတောင်ဝါးတိုးဝါးတားဖြစ်နေ၊နွေရာသီမိုးရွာပြီးသောနံနက်ခင်းတွင်အင်းတောင်ဖက်

တွင် ရှိသော ကုလားအုတ် တောင်ပေါ်တက်လိုက်လျှင် ရှုမျှော်ခင်းတစ်ခွင် မြင်တွေ့နေရ စသည်ဖြင့် ရှုမငြီးသောမြင်ကွင်းများ မကုန်နိုင်အောင်ပင် ဖြစ် နေပါသည်။

    (၁၉၉၄)ခုနှစ်တွင်ကုလသမဂ္ဂမှအရာရှိတစ်ဦးလာရောက်လည်ပတ်ပြီးသောအခါအောက်ပါအ

တိုင်းပြောကြားသွားပါသည်။“ခါးနာ့စ်သည်ယခုခေတ်ကမ္ဘာပေါ်တွင်လူအများအသုံးမပြုရသေးဘဲ နဂိုအတိုင်းကျန်ရှိသော သဘာဝရှုခင်းအရင်းအမြစ်နေရာ နောက်ဆုံးတစ်ခုအနေဖြင့် မြင်တွေ့ရ ပါသည်၊အဆိုပါနေရာ၏တန်ဖိုးမှာလူသားတို့ ရှေးယခင်က နေထိုင်ကျက်စားခဲ့သော မူလသဘာဝ ပတ်ဝန်းကျင်ကိုပြန်လည်မြင်နိုင်ပါမည်”စသည်ဖြင့်ပြောကြားသွားပါသည်။လခြမ်းသဏ္ဌာန်ရှိနေ

သောခါးနာ့စ်အင်းသည် စင်းကျန်း၏ကျော်ကြားသောပေါကက်တာထျန်ချီအင်းကြီး၏မျက်နှာပြင် ဧရိယာထက်(၁၂)ဆကျော်ပင်ကျယ်ဝန်းပါသည်။တရုတ် ပြည်နယ်မြေအတွင်း  အနက်ဆုံးသော  ကုန်းပြင်မြင့်အင်းအိုင်ကြီးတစ်ခုဖြစ်သည့်အပြင်ယနေ့ကမ္ဘာပေါ်တွင်ရှိရှိသမျှသောအင်းအိုင်များအနက် “အင်းရေသရဲ”ကို တွေ့ရှိခဲ့သော အင်းအိုင်ကြီးများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရှိရ ပါသည်။