တရုတ်ပြည်ကျန်းနန်တလွှား နာမည်ကျော်ကြားသော ဝူးမြို့ငယ်
2016-05-24 10:42:56 |သတင်းအရင်းအမြစ် 吉祥杂志
ဖက်၊ ထုန်ရှန်း မြို့ မြောက်ဖက်စွန်းတွင် တည်ရှိသည်။ ၀ူးမြို့ငယ်သည် လွန်ခဲ့သည့်နှစ် ၂၀၀၀ ကျော် ကာလအတွင်းမူလတည်ရှိသော မြစ်ချောင်းပေါများရာ ရှေးကျေးရွာ၏ စတိုင်နှင့် စနစ်ပုံစံကိုပြီးပြည့်စုံစွာဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ဝူးမြို့ငယ်သည်ကျန်းနန်မြစ်ချောင်းတစ်လျှောက်ရှိရှေးဟောင်းမြို့ငယ်(၆)မြို့မှမြို့ငယ်တစ်မြို့ဖြစ်သည်။ရှေးစတိုင်ကိုကောင်းစွာထိန်း
သိမ်းထားသည့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ရှေးလမ်း (၄)လမ်းသည် ကြက်ခြေခတ်ပုံစံဖြင့် တည်ရှိသည်။ကျားကွက် ၂ ခု ပုံစံဖွဲ့စည်းထားပြီး မြစ်ကြောင်းများနှင့် လမ်းများယှဉ်တွဲ၊ ရေကြောင်းနှင့်ကုန်းကြောင်းဆက်စပ်နေသောရှေးဟောင်းပုံစံစတိုင်ဖြစ်သည်။ဒေသခံလူနေအိမ်
များမှာမြစ်ချောင်းဘေးတွင်တည်ဆောက်ထားပြီးလမ်းမကြီး(၂)ဘက်တွင်မင်၊မန်ချူးမင်းဆက်
ခေတ်ကအဆောက်အဦးလက်ရာမြောက်များစွာရှိသည်။
မြစ်ပေါ်ကျောက်တံတားလေးများသွယ်
တန်းထား၍ကျန်းနန်ရှေးဟောင်းမြို့ငယ်၏ဟန်ပန်ကိုပေါ်လွင်စေသည်။ ၀ူးမြို့ငယ် လမ်းမပေါ်
တွင် မန်ချူးမင်းဆက်ခေတ်၏လူနေအိမ်အဆောက်အဦးများကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားပြီးထုပ်တန်း၊တိုင်လုံး၊တံခါးမ၊ပြတင်းပေါက်ရှိသစ်သား ပန်းပုနှင့်  ကျောက်ပန်းပုလက်ရာများမှာ  တစ်ဘက်ကမ်းခတ်ကျွမ်းကျင်ပြောင်မြောက်လှသည်ဒေသခံပြည်သူများမှာယနေ့ထိ
တိုင်ဤရှေးဟောင်းအိမ်လေးများတွင်နေထိုင်ကြသည်။မြို့အရှေ့ဘက်ရှိစာပေ၀င်းမှာနာမည်ကျော်စာရေးဆရာကြီးမော်တွန်ငယ်စဉ်ကစာပေလေ့လာရာနေရာဖြစ်သည်။ယခုအခါမော်တွန်အမှတ်တရပြတိုက်အဖြစ်ထားရှိပြီးနိုင်ငံတော်အဆင့်အရေးပါသောယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရာနေရာဖြစ်ပေသည်။ရွာအနောက်ပိုင်းရှေးလမ်းမကြီးမှာမင်၊မန်ချူးမင်းဆက်ခေတ်ရှိ
အဆောက်အဦးများ စုဝေးရာနေရာတစ်ခုဖြစ်သည်။ထို့ပြင်ပြန်လည်ပြုပြင်ထားသောပြဇာတ်စင်၊တံတားနှစ်စင်းရှုခင်သာ၊ လျန်ယွင်ဥယျာဉ်၊၀ူးမြို့ငယ်၏ ကျောက်ပြားလမ်းသွယ်၊ ရှေးဟောင်း သစ်သားအိမ်၊ ထို့ပြင် ကြည်လင်သော ရေကန်၏ အငွေ့ အသက်၊ ရေပေါ် ပေါလောမျော
နေသော လောင်းလှေရွက်ပြား ပြာပြားလေးများ၊ကျေးလက်လှပျိုဖြူလေးများလှေဦးတွင်ထိုင်
၍ငြိမ့်ညောင်းသာယာသောကျန်းနန်တေးသီချင်းဆိုပုံများမှာသဘာဝရှုခင်းပန်းချီကားချပ်ပ
မာရှေးဟန်ရှေးစတိုင်များပြည့်ဝလှပါသည်။
ယနေ့ခေတ်ဝူးမြို့ငယ်သည် ရိုးရာကုန်သွယ်ရေးနယ်မြေ၊ ရိုးရာနေအိမ်နယ်မြေ၊ ရေမြေရှုခင်းသာနယ်မြေ၊စားသောက်ဆိုင်နယ်မြေ၊ယဉ်ကျေးမှုနယ်မြေ၊လက်မှုလုပ်ငန်းနယ်မြေစသည်တို့ရှိ
သည်။ လက်မှုလုပ်ငန်း   နယ်မြေတွင် ၀ါးထည်၊ ယပ်တောင်၊ မြေထည်၊ သစ်ထွင်းပန်းပု၊
ယက်ကန်းစသည်ဖြင့်ကျေးရွာတစ်ဝိုက်ခေတ်စားသည့်လက်မှုလုပ်ငန်းကိုတစ်အိမ်နှင့်တစ်အိမ်
ကပ်လျက် လုပ်ကိုင်ကြသည်။ ကုန်သွယ်ရေး နယ်မြေတွင်၊ ၀ူးမြို့ငယ်သမိုင်းတွင် ထင်ရှားခဲ့
သည့် စတိုးဆိုင်၊ အပေါင်ဆိုင်၊ ဆေးဆိုင်အားလုံးမှာ နဂိုမူလ ပုံစံအတိုင်း တည်ရှိနေပြီး နှစ်ကာလတာရှည်မှုကြောင့် ဒဏ်ရာ အနာတရ ဖြစ်ခဲ့ဖူးရုံမျှသာရှိသည်။ ယဉ်ကျေးမှုနယ်မြေတွင် စွဲမက်ဖွယ်အကောင်းဆုံးမှာ အပြာရောင် ပန်းဝတ်လွှာများ လွင့်ပျံနေသော ၀င်းခြံဖြစ်သည်။
တေးဂီတသံခြိမ့်ခြိမ့်ညံ သော ရှေးကဇာတ်စင်ဖြစ်ပြီး ပိတ်ကားပော်ပြသသော “သား ရေရိပ်
ရုပ်ရှင်”ဖြစ်သည်။