တောင်ပင်လယ် အနုညာတ စီရင်မှုတွင် ဖိလစ်ပိုင်သည် တောင်ပင်လယ် Dotted လိုင်း အတွင်း တရုတ်ပြည်၏ သမိုင်းဝင် အခွင့်အရေးသည် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ အဏ္ဏဝါရေးရာ ဥပဒေ စာချုပ်ကို ချိုးဖေါက်သည်ဟု ခုံသမာဓိရုံးအား စီရင်ဆုံးဖြတ်ပေးရန် လျှောက်ထားပြီး ရည်ရွယ်ချက်မှာ တောင်ပင်လယ်၌ တရုတ်ပြည်၏ တရားဝင် အခွင့်အရေးကို ငြင်းပယ်ရန် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် သမိုင်းအဖြစ်မှန်ကို လျစ်လျူရှုပြီး သမိုင်းတွင် တရုတ်ပြည်သူများသည် တောင်ပင်လယ်၌ လှုပ်ရှားမှု မရှိဟု မဟုတ်မမှန် ဆိုခဲ့ကြောင်း၊ သမိုင်းအဖြစ်မှန်မှာ တရုတ်ပြည်၏ တောင်ပင်လယ်၌ လှုပ်ရှားမှု သမိုင်း သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ကျော် ရှိပြီ ဖြစ်ပြီး တရုတ်နိုင်ငံသည် တောင်ပင်လယ် ကျွန်းများကို အစောဆုံး တွေ့ရှိ၊ အမည်ပေးနှင့် ဖေါ်ထုတ်လုပ်ကိုင်ခဲ့သော နိုင်ငံပင် ဖြစ်ကြောင်း တရုတ် ပြည်သူ့ နေ့စဉ်သတင်းစာတွင် ရေးသားထားသည်။