၈ကြိမ်မြောက် တရုတ်-တောင်ကိုးရီးယား မီဒီယာ အဆင့်မြင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

2016-05-24 14:05:44 |သတင်းအရင်းအမြစ် 国际在线

၂၃ရက်နေ့က တရုတ်နှင့် တောင်ကိုးရီးယား အဓိက မီဒီယာ ၂၀ကျော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့တော်တွင် ၈ကြိမ်မြောက် တရုတ်- တောင်ကိုးရီးယား မီဒီယာ အဆင့်မြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့အဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်း ရေးမှူးဌာန အတွင်းရေးမှူး၊ ပြန်ကြားရေး ဝန်ကြီး လျူချီပေါင်နှင့် တောင်ကိုးရီးယား ဒုဝန်ကြီးချုပ် လီကျွန်းကြည်တို့သည် ၄င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲသည် "တရုတ်-တောင်ကိုးရီးယား မီဒီယာ ပူးပေါင်း ဆောင်ရွက်မှု ဇောက်ချပြုလုပ်ရေးနှင့် မိတ်ဖက်ဆက်ဆံမှု၎ခု တွန်းအားပေးရေး"ကို ဆောင်ပုဒ်အဖြစ် ထားကြောင်း၊ တရုတ်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံသည် မီဒီယာ နိုင်ငံကြီး ဖြစ်ပြီး မီဒီယာစနစ် ပြောင်းလဲတိုးတက်နေသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရ ကြောင်း၊ အထူးသဖြင့် အင်တာနက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် သတင်း အချက်အလက် ပြန့်ပွားမှု နည်းလမ်းနှင့် လူအများ၏ ထင်မြင်ယူဆချက် ဖြစ်တည်ရေး ဖြစ်စဉ်ကို နက်ရှိုင်းစွာ ပြောင်းလဲစေခဲ့ကြောင်း၊ နှစ်နိုင်ငံမှ မီဒီယာများသည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တွေးခေါ်နည်းကို စူးစမ်းလေ့လာနေကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် နှစ်နိုင်ငံ အဓိက မီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် မကြာမီက ဖြစ်ပွားပြီး အများတကာ အာရုံစိုက်ရာများနှင့် နှစ်နိုင်ငံ မီဒီယာများ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စီအာအိုင် ဒုဌာနမှူး၊ ညွှန်ချုပ် ဟူပန်းရှင်းက နှစ်နိုင်ငံ မီဒီယာများသည် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တော်လှန်ရေး အောင်မြင်မှုများကို မီဒီယာ နယ်ပယ်တွင် အသုံးပြုမှု တွန်းအားပေးသင့်ကြောင်း ပြောကြားသည်။