အမေရိကန်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဗီယက်နမ် ဆက်ဆံမှု ပြောင်းလဲစေမည

2016-05-24 14:15:12 |သတင်းအရင်းအမြစ် 国际在线

ဗီယက်နမ်၌ ခရီးလှည့်လည်နေသော အမေရိကန် သမ္မတ အိုဘားမားက၊ အမေရိကန်သည် ဗီယက်နမ်အပေါ် လက်နက် ရောင်းချမှု ပိတ်ပင်မှုကို ဘက်စုံ ဖျက်သိမ်းမည်ဟု ၂၃ ရက်နေ့က ကြေညာခဲ့သည်။ အမေရိကန် အွန်လိုင်း စီအန်အန်က၊ ယင်းဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးရန် ဖြစ်ကြောင်း ခေါင်းဆောင် နှစ်ဦး ပြောကြားသည်ဟု ဖေါ်ပြသည်။ ထို့ပြင် စီအန်အန်က၊ ယင်းသည် အမေရိကန်နှင့် ဗီယက်နမ်တို့ ဒေသတွင်း၌ တရုတ်ပြည် အင်အား တိုးလာခြင်းကို လက်တွဲ ရင်ဆိုင်ရန် ဖြစ်သည်ဟုလည်း သုံးသပ် ထားသည်။ ပြင်သစ် သတင်းဌာနသည်လည်း ယင်းသည် တောင်ပင်လယ် အငြင်းပွါးမှုနှင့် ပတ်သက်ပြီး အမေရိကန်က တရုတ်ပြည်အား သတိပေးနေသည်ဟု ဖေါ်ပြသည်။

အမေရိကန်- ဗီယက်နမ် ဆက်ဆံမှုကို အာရုံစိုက်ခြင်းမှာ အပြစ်ဆိုနိုင်ဖွယ်ရာ မရှိသင့် သော်လည်း ဝေဖန်သုံးသပ်ရာတွင် တောင်ပင်လယ် ပြဿနာနှင့် တရုတ်-ဗီယက်နမ် ဆက်ဆံမှု အကြောင်းနှင့် ဆက်စပ်လာအောင် ရောနှော ထည့်သွင်းခြင်းသည် မကောင်းသော ကြံရည်ချက်ဖြင့် သတင်းဖြန့်ခြင်း ဖြစ်ပြီး အဖြစ်မှန်နှင့် မကိုက်ညီသည်ဟု တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတွင် ရေးသားထားသည်။

 ဗီယက်နမ်အဖို့ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ဖြစ်သလို အရေးကြီး ကုန်သွယ်ရေး မိတ်ဖက်လည်း ဖြစ်သည်။ တရုတ်နှင့် ဗီယက်နမ် အကြား သဘောကွဲလွဲမှု ရှိလျှင်လည်း ပြင်ပမှ အင်အား ဝင်ရောက်စွက်ဖက်ရန် လုံးဝ မလိုဘဲ တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်စွမ်း ရှိသည်။ အမေရိကန်- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ပြည်အား မရည်စူးသင့်ပြီး တရုတ်-ဗီယက်နမ် ဆက်ဆံမှုကိုလည်း ပြောင်းလဲစေနိုင်မည် မဟုတ်ဟု သတင်းစာတွင် သုံးသပ်ထားသည်။