ဗီယက်နမ်-အမေရိကန် ဆက်ဆံမှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် အက

2016-05-24 14:34:47 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်က၊ ဗီယက်နမ်၏ အိမ်နီးချင်းနိုင်ငံ အနေနှင့် မိမိတို့သည် ဗီယက်နမ်က အမေရိကန် အပါအဝင် နိုင်ငံ အားလုံးနှင့် ပုံမှန် ဆက်ဆံမှု တိုးတက်ရန်ကို အကောင်းဘက်မှ ရှုမြင်လိုကြောင်း၊ ယင်းသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုးရှိနိုင်ရန် မျှော်လင့်ကြောင်း ၂၃ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ ဗီယက်နမ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်သည့် မေးမြန်းချက်ကို ဖြေကြားရာ၌ ပြောကြားသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘဆိုဒ်မှ သတင်းအရ သိရပါသည်။