၂၀၁၆ခုနှစ်ပထမ၄လအတွင်း အာဆီယံ ရှန်ဟိုင်းအကောက်ခွန်ရုံးမှတဆင့်တရုတ်ပြည်သို့ ရေထွက်

2016-05-24 14:50:37 |သတင်းအရင်းအမြစ် 国际在线

တရုတ်ပြည်ရှန်ဟိုင်းအကောက်ခွန်ရုံးမှ၂၃ရက်နေ့ကထုတ်ပြန်သောစာရင်းအရယခုနှစ်ပထမ၄လအတွင်း ရှန်ဟိုင်းအကောက်ခွန်ရုံးသည် ရေထွက်နှင့် ပင်လယ်ထွက်ပစ္စည်း တန်ချိန်၃၄၀၀၀ကို တင်သွင်းခဲ့ပြီးမနှစ်ကအလားတူအချိန်ကာလကထက်၃၄.၇ရာခိုင်နှုန်းတိုးလာကြောင်း၊၄င်းထဲတွင်အာဆီယံမှတင်သွင်းဝယ်ယူခဲ့သော ရေထွက်နှင့်ပင်လယ်ထွက်ပစ္စည်းမှာ တန်ချိန်၉၁၁၄တန်ရှိပြီး တင်သွင်းသောရေထွက်နှင့်ပင်လယ်ထွက် ပစ္စည်းစုစုပေါင်း ပမာဏ၏ ၂၆.၉ရာခိုင်နှုန်းရှိ၍ အာဆီယံဒေသသည်ရှန်ဟိုင်းအကောက်ခွန်ရုံးမှတစ်ဆင့်တရုတ်ပြည်သို့ရေထွက်နှင့်ပင်လယ်ပစ္စည်းကိုအများဆုံးတင်သွင်းဝယ်ယူသောဒေသဖြစ်ကြောင်းတရုတ်သတင်းဌါန၏သတင်းအရသိရပါသည်။