မျိုးရိုးဗီဇနည်းပညာဖြင့် ငှက်ပျောသီး လတ်ဆတ်မှုကာလကို တိုးမြှင့်နိုင်

2016-05-24 16:03:52 |သတင်းအရင်းအမြစ် 德宏缅文网

ငှက်ပျောသီးကို ဝယ်ယူလာပြီးနောက် ကြာရှည်စွာ ထားသို၍မရပါ၊ ရက်အနည်းငယ်အတွင်း မစားလျှင် အမှည့်လွန်ပြီး ပုပ်သိုးသွားတတ်ပါသည်။ ယခုအခါ အစ္စရေးနိုင်ငံ စိုက်ပျိုးရေးကျွမ်းကျင် ပညာရှင်များသည် အထူးမျိုးရိုး ဗီဇပြုပြင် ပြောင်း လဲခြင်းနည်းပညာကို အသုံးပြု၍ ငှက်ပျောသီးတစ်ခုလုံး၏ ရင့်မှည့်ကာလကို တိုးမြှင့်စေခဲ့ခြင်းဖြင့် ငှက်ပျောသီး၏ လတ် ဆတ်မှုကာလကို တစ်ဆ ပိုမိုတိုးချဲ့နိုင်ခဲ့ပြီး ထိုမှစကာ ငှက်ပျောသီးဟူသော သစ်သီး၏ 'ထားသိုနိုင်မှုသက်တမ်း' ကို တိုးမြှင့်နိုင်ခဲ့ပါသည်။

  ငှက်ပျောသီးရင့်မှည့်ခြင်းနှင့် ပတ်သက်သော မျိုးရိုးဗီဇအမျိုးအစား (၈၀)ခု ခန့်ရှိပြီး စိုက်ပျိုးရေးကျွမ်းကျင် ပညာရှင် များသည် ထိုအခြေခံပေါ်တွင် နောက်ထပ်ထိန်းချုပ်ကာ 'ရင့်မှည့်စေခြင်း'နည်းဖြင့် ငှက်ပျောသီး၏ အထူးမျိုးရိုးဗီဇကို သတ် မှတ်ပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းနည်းပညာဖြင့် ဗီဇပြောင်းလဲကာ နှောင့်ယှက်မှုမရှိ ပုံမှန်ရင့်မှည့်ခြင်း ဖြစ်စဉ်သို့ ပြောင်း လဲရောက်ရှိစေခဲ့ပါသည်။ ထို့အပြင် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော ငှက်ပျောသီးသည် အရည်အသွေးသာမက အနံ့ အရသာကိုပါ ထိခိုက်မှုမရှိကြောင်း သိရပါသည်။

  ထိုကဲ့သို့ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော ငှက်ပျောသီးများသည် ငှက်ပျော စိုက်ပျိုး ရေးလုပ်ငန်းနှင့် လက်လီရောင်း ဝယ်ရေးလုပ်ငန်းများအတွက် အကျိုးထူးရှိစေပါသည်။ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ ပြည်သူများသည် ငှက်ပျောသီး စသည့် လတ်ဆတ်သော သစ်သီးဝလံများကို အာဟာရဓါတ်စာအဖြစ် အားထားစားသုံးကြပါသည်။ သို့သော် ငှက်ပျော သီးများသည် အအေးခန်းပါယာဉ်များဖြင့် သယ်ယူပို့ဆောင် သိုလှောင်ခြင်း စသည့်တို့ကိုပြုလုပ်ရန် အနည်းငယ် အခက်အခဲရှိသောကြောင့် ငှက်ပျောသီး၏ လတ်ဆတ်မှုကာလကို တိုးမြှင့်မှု လုပ်ဆောင်ခြင်းဖြင့် ငှက်ပျောသီးများကိုပိုမို လွယ်ကူစွာ တင်ပို့ခြင်းနှင့်သိုလှောင်ခြင်းများ ပြုလုပ် နိုင်ကြောင်း အစ္စရေးနိုင်ငံ စိုက်ပျိုးရေးပညာရှင်များမှ ပြောကြားချက်အရ သိရပါသည်။

  (ဆင်ဟွာသတင်းဌာနမှ ကောက်နှုတ်ဖော်ပြသည်။)