CRI သတင်းဌာန၏ မေလ ၂၂ ရက်နေ့သတင်းအရ ဂရင်းနစ်စံချိန်တင်ထားသည့် “ဈေးအကြီးဆုံးဂီတာ” အား UAEနိုင်ငံ၊ ဒူဘိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင်ပြသခဲ့သည်။ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် “ဈေးကြီးဆုံးဂစ်တာ” ဟုခေါ်ဝေါ်ကြသော လက်ရာမြောက်သော စိန်သရဖူ ဂစ်တာအား ၂၂ ရက်နေ့က ဒူဘိုင်းရှိ လက်ဝတ် ရတနာ ဆိုင်ခွဲတစ်ခု၏ ဆိုင်သစ်ဖွင့်ပွဲတွင် ပြသခဲ့ခြင်းဖြစ်သည်။ယင်းစိန်ဂစ်တာသည် ဟောင်ကောင်နာမည်ကျော် ဂီတသမား လေစုန့်တယ်မှဒီဇိုင်းဆွဲခဲ့ပြီး Chow Tai Fook ရတနာကုမ္ပဏီနှင့် Gibson ဂီတာကုမ္ပဏီတို့ ပူးပေါင်းကာ ၄၀၀ ဂရမ်ရှိစိန်နှင့် ၁.၆ ကီလိုဂရမ်ရှိရွှေတို့ဖြင့်ထည့်သွင်းပြုလုပ်ထားပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သိန်း၂၀ ခန့်ရှိသည်ဟု ဖော်ပြချက်အရသိရသည်။