မြန်မာနိုင်ငံ မြောက်ပိုင်း ဖားကန့့််မြို့နယ် ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်အတွင်း ဖြစ်ပွါးခဲ့သော ကျောက်သား ကမ်းပါးယံ ပြိုကျမှုတွင် လူ ၁၃ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာ ရရှိကာ ၁၀၀ ခန့် မြေစာပိ အသက်ရှင်နိုင်ချေ နည်းပါးကြောင်း မြန်မာ ပြည်သူ့လွှတ်တော် အမတ် ဦးတင်စိုက ၂၄ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
ဖားကန့်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်းထွက်နေရာ ဖြစ်ရာ ကုမ္ပဏီကြီး အချို့ ကျောက်မျက်များ တူးဖေါ် လုပ်ဆောင်သည့်အပြင် ပြင်ပမှလူသူများလည်း ယင်းနေရာသို့ ဝင်ပြီး ရေမဆေးကျောက် ရှာဖွေသဖြင့် မြေစာပုံ ပြိုကျမှု မကြာခဏ ဖြစ်ပွါး တတ်ကြောင်း သိရပါသည်။