ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ၂၄ရက်နေ့ကရုပ်သိမ်းပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အတွင်းရေးမှူးချုပ် အာလီမိုဗ်သည် တောင်ပင်လယ်ပြဿနာနှင့်ပတ်သက်၍ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။
ယင်းကြေညာချက်တွင် တောင်ပင်လယ်အပါအဝင် အာရှ-ပစိဖိတ်ဒေသ၏ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းသည် အရေးကြီးကြောင်း၊ တောင်ပင်လယ် ဒေသ၏အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို နားလည်ပြီးအားပေးကြောင်း၊ တောင်ပင်လယ်ဒေသ၏ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် သင့်မြတ်သာယာရေးကို ဒေသတွင်းနိုင်ငံများ၏ တွန်းအားပေးခြင်းကို ထောက်ခံကြောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ က ယူဆကြသည်ဟုကြောင်း သတင်းရရှိပါသည်။