တရုတ် big data လုပ်ငန်း ထိပ်သီးအစည်းအဝေးနှင့် တရုတ် အင်တာနက် ကုန်သွယ်မှု ဆန်းသစ်ရေးနှင့် ဖွံ့ဖြိုးရေး ထိပ်သီး အစည်းအဝေးကို ၂၅ ရက်နေ့က တရုတ်ပြည် ကွေ့ယန်မြို့၌ ကျင်းပသည်။ ၂၄ ရက်နေ့ ညနေပိုင်းက တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် အစည်းအဝေး တက်ရောက်ကြသော ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ လီခေ့ချန်က၊ တရုတ်နိုင်ငံသည် big data နှင့် “အင်တာနက်+” ကို ကုန်ထုတ်လုပ်မှုနှင့် ပေါင်းစပ်ခြင်းကို တွန်းအားပေးမည် ဖြစ်ပြီး သမားရိုးကျ ကုန်ထုတ်လုပ်မှုကို ပြုပြင် အဆင့်မြှင့်တင်မည် ဖြစ်ကာ တရုတ်ပြည် စီးပွါးရေး အသွင်ပုံစံ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုကို အားဖြည့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲ၏ဆောင်ပုဒ်သည် big dataဖြင့် ဆန်းသစ်တီထွင်မှုကို ဦးစီး တွန်းအားပေး ပြီး ကုန်ထုတ်လုပ်ငန်း အသွင်ပုံစံ ပြုပြင်ရေးနှင့် အဆင့်မြှင့်တင်ရေးကို အားဖြည့်ခြင်း ဖြစ်သည်။
လီခေ့ချန်က၊ big data နှင့် cloud computing တို့သည် အင်တာနက်ခေတ်ကို အဆင့်သစ်သို့ တက်လှမ်းစေကြောင်း၊ သတင်း အချက်အလက်များကို လူသား၏ နေထိုင်မှုဘဝနှင့် ကုန်ထုတ်လုပ်မှု ဘက်များစွာ၌ စိမ့်ဝင်လာနေကြောင်း၊ ကုန်ထုတ်စွမ်းအား အဟောင်းအသစ် လှည့်ပြောင်းခြင်းနှင့် ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ခြင်း ဖြစ်စဉ်တွင် big data နှင့် cloud computing ကို အားကိုးပြီး သမားရိုးကျ ကုန်ထုတ်လုပ်မှုကို ပြုပြင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
DELL၊ SAP၊ FOXCONN၊ Tencent၊ အိန္ဒိယ နိုင်ငံတော် သတင်းအချက်အလက် နည်းပညာ ကောလိပ်ကျောင်း၊ တရုတ် အီလက်ထရွန် နည်းပညာ ကုမ္ပဏီအုပ်စု စသည့် လုပ်ငန်းဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဆွေးနွေးပွဲတွင် အသီးသီး မိန့်ခွန်း ပြောကြားပြီး တရုတ် စီးပွါးရေး ဖွံ့ဖြိုးရန်အရှိန်နှင့် ရေရှည် ဖွံ့ဖြိုးမှု အလားအလာအပေါ် အကောင်းဘက်မှ ရှုမြင်လိုကြောင်း ဖေါ်ပြကြသည်။