၂၀၁၃ ခုနှစ် ဇန်နဝါရီလက ဖိလစ်ပိုင်သည် အနုညာတ စီရင်ရန် အဆို တင်သွင်း ခဲ့ပြီး တရုတ်ပြည်၏ တောင်ပင်လယ်၌ သမိုင်းဆိုင်ရာ အခွင့်အရေးကို ငြင်းပယ်နိုင်ရန် ကြံဆကြောင်း၊ သို့သော် ဖိလစ်ပိုင်ဘက်၏ သမိုင်းဆိုင်ရာ အထောက်အထားများသည် ခိုင်ခံ့မှု မရှိကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတွင် ရေးသားထားသည်
ဖိလစ်ပိုင်သည် တရုတ်နိုင်ငံက တောင်ပင်လယ်ကျွန်းများကို အစောဆုံး တွေ့ရှိ၊ အတည်ပေး၊ ကြာရှည် ဖေါ်ထုတ် လုပ်ဆောင်ခြင်းနှင့် ဆက်တိုက် ငြိမ်းချမ်းစွာ စီမံအုပ်ချုပ်ခြင်း အဖြစ်မှန်ကို လျစ်လျူရှုပြီး တရုတ်ပြည်သည် တောင်ပင်လယ်ကျွန်းများကို စီမံအုပ်ချုပ်မှု ပြုလုပ်ခြင်း မရှိဟု မဟုတ်မမှန် ဆိုခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် နိုင်ငံများစွာတို့၏ မြေပုံ၊ ပညာစွယ်စုံကြမ်းနှင့် စာနယ်ဇင်းများတွင် တရုတ်နိုင်ငံက တောင်ပင်လယ်ကျွန်းများ အပေါ် အချုပ်အခြာအာဏာပိုင်ခွင့် ရှိသည်ဟု အသိအမှတ်ပြုသည့် အဖြစ်မှန်ကို လျစ်လျူရှုပြီး အခြားနိုင်ငံများ၏ မြေပုံတွင် တောင်ပင်လယ်ကျွန်းအပေါ် တရုတ်ပြည်၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို အသိအမှတ် ပြုခြင်း မရှိဟု ဆိုခဲ့ကြောင်း ပြည်သူ့နေ့စဉ်သတင်းစာတွင် ရေးသားထားသည်။