မေလ၂၁ရက်က ပြီးဆုံးခဲ့သည့် G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို ဂျပန် Sendaiမြို့တွင်၂ရက်တာကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အဓိကနိုင်ငံများဖြစ်သည့် ဂျပန်၊ အမေရိကန်၊ ဂျာမနီ တို့မှာ ငွေလဲလှယ်နှုန်း လှိုင်းဂယက်ထမှုနှင့် စီးပွားရေးပြန်လည်နိုးထရန် လှုံဆော်မှုပြုလုပ်ရေး စသည့် အဓိကအချက်အလက်များတွင် သဘောတူညီမှုမရရှိခဲ့ကြောင်းသိရသည်။ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးတွင် ငွေလဲလှယ်မှုနှုန်း အလွန်အကျွံလှိုင်းဂယက်ထမှုသည် စီးပွားရေးတွင်ထိခိုက်မှုရှိကြောင်း အသိအမှတ် ပြုသော်လည်း လက်တလော၏ ငွေလဲလှယ်မှုနှုန်းနှင့်ပတ်သက်၍ အမေရိကန်နှင့်ဂျပန် တို့သဘောထားကွဲလွဲခဲ့ကြောင်း သိရသည်။ ငွေလဲလှယ်မှုနှုန်းနှင့်ပတ်သက်၍ ဂျပန်နှင့်အမေရိကန်နှစ်နိုင်ငံ သဘောထား ကွဲလွဲချက်သည် ယခင်ကတည်းကရှိခဲ့ပြီး အထူးသဖြင့် ဧပြီလကုန်ပိုင်းက ဂျပန်ငွေ ငွေလဲလှယ်မှုနှုန်းမြင့်မားချိန်တွင် ဂျပန်အစိုးရသည်ဂျပန်ငွေတန်ဖိုးတက်ခြင်း အား ထိန်းချုပ်ရန်အတွက် ဈေးကွက်အား စွက်ဖက်ရန် ပြင်ဆင်ခဲ့သည်။