(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ယူနန်ပြည်နယ် ပထမအကြိမ် မြန်နှုန်းမြင့်ရထား-ဟူကူ (ရှန်ဟိုင်မြို့ ကူမင်းမြို့အထိ) မြန်နှုန်းမြင့်ရထားသည် မေလ ၂၁ ရက်နေ့တွင် ကူမင်းမြို့သို့ ရောက်ရှိခဲ့သည်။ သတင်းထောက် တစ်ဦး အနေဖြင့် မြန်နှုန်းမြင့်ရထား၏ အကြောင်းကို ၂၂ ရက်နေ့တွင် စုံစမ်း လေ့လာခဲ့ပါသည်။
ကူမင်းမြို့သို့ ရောက်ရှိခဲ့သည့် မြန်နှုန်းမြင့်ရထား (၂)စီး ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ CRH380Aမြန်နှုန်းမြင့်ရထား နှင့် CRH2Aမြန်နှုန်းမြင့်ရထားတို့ ဖြစ်ပါသည်။ CRH380Aမြန်နှုန်းမြင့် ရထားသည် မေလ ၂၁ ရက်နေ့ ၂၀ နာရီ ၂၈ မိနစ်တွင် ရောက်ရှိခဲ့ပြီး၊ CRH2Aမြန်နှုန်းမြင့်ရထားသည် မေလ ၂၂ ရက်နေ့ ၁ နာရီ အချိန်တွင် ရောက်ရှိကြောင်း သိရှိပါ သည်။
CRH380Aမြန်နှုန်းမြင့်ရထားသည် ပုံမှန်အားဖြင့် တစ်နာရီလျှင် ၃၅၀ ကီလီမီတာ ပြေဆွဲမည် ဖြစ်ပြီး၊ တစ်နာရီလျှင် ၃၈၅ ကီလိုမီတာ နှုန်းဖြင့် စမ်းသပ် ပြေးဆွဲခဲ့ခြင်း ဖြစ် ကြောင်း၊ ခရီးသည် ပေါင်း (၅၅၆) ဦး စီးနင်းနိုင်ကြောင်း၊ အထက်တန်းတွင် ခရီးသည် (၁၀) ဦး၊ ပထမတန်းတွင် ခရီးသည် (၂၈)ဦး၊ ဒုတိယတန်းတွင် ခရီးသည်(၅၁၈) ဦး၊ အမှတ် (၁) အတွဲတွင် ပထမတန်း/ အထက်တန်း ထိုင်ခုံများ၊ အမှတ် (၈) အတွဲတွင် ဒုတိယတန်း/ အထက်တန်း ထိုင်ခုံများ၊ အမှတ်(၄) အတွဲတွင် မသန်စွမ်း ပုဂ္ဂိုလ် များအတွက် အသုံးအဆောင် ပစ္စည်းများ ပါသည့် ဒုတိယတန်း အဆင့်ရှိ ထိုင်ခုံများ၊ အမှတ် (၅) အတွဲ တွင် ဒုတိယတန်း အဆင့် ထိုင်ခုံများနှင့် စားသောက်ဆိုင်ငယ် တစ်ခု ပါရှိပြီး၊ ကျန်အတွဲ များ တွင် ဒုတိယတန်း အဆင့် ထိုင်ခုံ ပါရှိကြောင်း သိရှိပါသည်။
အထက်တန်း တွဲတွင် ထိုင်ခုံ များကို ဖြန့်ခင်း၍ အိပ်စက်နိုင်ကြောင်း၊ ထိုင်းခုံ၏ ဘေး တစ်ဘက်တွင် စာရေး စာပွဲခုံ အသေးတစ်ခုနှင့် စာဖတ်ရန် မီးလုံး တစ်လုံ ပါရှိကြောင်း၊ အခြာ တစ်ဘက်တွင် ရုပ်မြင်သံကြား ပါရှိ ကြောင်း သိရှိပါသည်။ပထမတန်းတွင် တစ်တန်းလျင် ထိုင်ခုံ (၄)ခုံ ပါရှိပြီး ထိုင်ခုံတွင် လည်ပင်းခေါင်းအုံး၊ လက်တင် စာရေးခုံနှင့် ခြေထောက် တင်သည့် ခြေနင်း၊ ခြေနင်းဘေးတွင် အားသွင်းပေါက် တစ်ခုလည်း ပါရှိရပါသည်။
ဒုတိယတန်းတွင် တစ်တန်းလျှင် ထိုင်ခုံ (၅) ခုံပါရှိပြီး အလယ်လျှောက်လမ်း၏ တစ်ဘက်တွင် ထိုင်ခုံ (၂)ခုံနှင့် အခြားတစ်ဘက်တွင် ထိုင်ခုံ (၃) ခုံပါရှိပါကြောင်း၊ ထိုင်ခုံများသည် Boeing 737လေယာဉ်၏ ထိုင်ခုံထက် ကျယ်ပြန့်၍ ပြတင်းပေါက် ဘေးရှိ ထိုင်ခုံတွင် ထိုင်ပါက အပြင်ရှုခင်းများကို ခံစားကြည့်ရှုနိုင်ကြောင်း၊ ထိုင်ခုံ အပေါ်တွင်လည်း ခရီးဆောင် သေတ္တာများ ထားနိုင်သည့်စင်များ ပါရှိကြောင်း သိရှိရပါသည်။
အမှတ် (၅) တွဲတွင် စားသောက်ဆိုင်ငယ် တစ်ခု ပါရှိ၍ Microwave၊ ရေခဲသေတ္တာ စသည့် အသုံး အဆောင် ပစ္စည်းများ ပါရှိကြောင်း၊ ရထားဝန်ထမ်းများသည် ခရီးသည်များအတွက် အလွယ်တကူ စားသောက်နိုင်သော အစားအစများကို ချက်ပြုတ်ပေး၍ ခရီးသည်များသည် မိမိတို့ ထိုင်ခုံများတွင် သယ်ယူ စားသောက်နိုင်ကြောင်း သိရှိ ရပါသည်။
ဟူကူမြန်နှုန်းမြင့် ရထားလမ်း (၂၂၆၄) ကီလိုမီတာ ရှည်ပြီး ယူနန်အတွင်း လမ်းကြောင်း သည် (၁၉၂) ကီလိုမီတာ ရှည်ကြောင်း သိရပါသည်။ တရုတ် ရထားလမ်း ကုမ္ပဏီချုပ်မှ ထုတ်ပြန်သည့် လက်မှတ် ဈေးနှုန်း အရ ကွေ့ယမ်မြို့မှ ရှန်ဟိုင်းမြို့ ဟုန်ချောင်အထိ ဒုတိယ တန်း ထိုင်ခုံ ဈေးနှုန်းသည် ယွမ် (၇၃၄.၅) ဖြစ်ပြီး၊ ကူမင်းမြို့မှ ရှန်ဟိုင်းမြို့အထိ ဈေးနှုန်းမှာ ဒုတိယတန်း ထိုင်ခုံ အတွက် ယွမ် (၈၀၀) ခန့် ကောက်ခံရန် ခန့်မှန်း ထားကြောင်း သိရှိ ရပါ သည်။
ဟူကူမြန်နှုန်းမြင့်ရထားလမ်း ယူနန်လမ်းပိုင်း၊ ယူကွေ့(ယူနန်ပြည်နယ်မှ နန်နင်မြို့ အထိ) ယူနန် အပိုင်းကို ဆောက်လုပ်ဆဲ ဖြစ်ပါကြောင်း၊ ၂၀၁၆ခုနှစ် နှစ်မကုန်မီ ဖွင့်လှစ်မည် ဖြစ် ကြောင်း ကူမင်း မီးရထားဌာနမှ တာဝန်သူ တစ်ဦးမှ ပြောကြေားခဲ့ပါသည်။
ဟူကူမ်မြန်နှုန်းမြင့်ရထားလမ်း
ဟူကူ မြန်နှုန်းမြင့် ရထားလမ်း (၂၂၄၆) ကီလိုမီတာရှည်ကြောင်း၊ ဟူကူ မြန်နှုန်းမြင့် ရထားလမ်းတွင် ရှန်ဟိုင်းမြို့မှ ကွေ့ယမ်မြို့အထိ လမ်းပိုင်းကို ဖွင့်လှစ်ပြီး ဖြစ်ကြောင်း၊ ယူနန် လမ်းပိုင်းသည် (၁၈၄.၇) ကီလိုမီတာ ရှည်ပြီး ၂၀၁၆ ခုနှစ် နှစ်မကုန်မီ ဖွင့်လစ်မည် ဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်း ဖွင့်လှစ်ပြီးချိန် တွင် ကူမင်းမြို့မှ ရှန်ဟိုင်းမြို့အထိ ခရီးစဉ်ကို ကြာမြင့်ချိန် နာရီ (၃၀)ကျော်မှ (၈) နာရီ (သို့မဟုတ်) (၁၀) နာရီအထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ကျင်းကူ(ပေကျင်းမြို့မှ ကူမင်းအထိ) မြန်နှုန်းမြင့်ရထား
ကူမင်းမြို့မှ ပေကျင်းမြို့အထိ မြန်နှုန်းမြင့်ရထား ခရီးစဉ်သည် အချိန် (၈) နာရီကြာမြင့်ပါ ကြောင်း၊ ဟူကူ မြန်နှုန်းမြင့်ရထား ဖွင့်လှစ်လျှင် ကူမင်းမှ ပေကျင်းမြို့အထိ အချိန် (၁၀)နာရီ ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။
ရွေကူ(ချုံချင်မြို့မှ ကူမင်းမြို့အထိ) မြန်နှုန်းမြင့်ရထား
ယူနန်ပြည်နယ်နှင့် စစ်ချွမ်းပြည်နယ်၊ ချုံချင်မြို့တို့သည် ရွေကူမြန်နှုန်းမြင့်ရထားလမ်းကို တည်ဆောက်ရန် အစိုးရသို့ တင်ပြထားကြောင်း၊ ရထာလမ်း (၇၀၀) ကီလိုမီတာ ရှည် ကြောင်း၊ ၂၀၁၆ခုနှစ်တွင် စတင် တည်ဆောက်ပြီး၊ ၂၀၂၀ ပြည်နှစ်တွင် ပြီးစီးရန် ခန့်မှန်း ထားကြောင်း ခရီးစဉ်သည် (၃) နာရီ ကြာမြင့်မည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။
ယူကွေ့မြန်နှုန်းမြင့်ရထားလမ်း
ယူကွေ့မြန်နှုန်းမြင့်ရထားလမ်း ၂၀၁၆ခုနှစ် နှစ်မကုန်မီ တည်ဆောက်ပြီးစီးမည် ဖြစ်ပြီး၊ တည်ဆောက်ပြီးချိန်တွင် ကူမင်းမြို့မှ နန်နင်မြို့သို့ သွားရောက်ရန် (၄) နာရီသာ ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။