Beibu ပင်လယ်ကွေ့တွင် ဆော့ကစားနေသည့် ချစ်စရာလင်းပိုင်ဖြူလေး

2016-05-26 14:54:35 |သတင်းအရင်းအမြစ် 中华网

ကွမ်ရှီးပြည်နယ် Beibu ပင်လယ်ကွေ့တွင် လင်းပိုင်ဖြူလေးဆော့ကစားနေသောပုံကို လာရောက်အပန်းဖြေသော ဧည့်သည်များက သဘောကျကာ ရိုက်ကူးခဲ့ကြသည်ကို Chinanews သတင်းဌာနကမေလပိုင်းကဖော်ပြခဲ့သည်။မကြာသေးမီနှစ်များက  ကွမ်ရှီးတွင်အဏ္ဏဝါဂေဟစနစ်ကာကွယ်စောင့်ရှောက်ရေးကိုတိုးမြှင့်ဆောင်ရွက်လာခြင်းကြောင့်လင်းပိုင်ဖြူအရေအတွက်များ

ပြားလာခဲ့သည်။

ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ  လင်းပိုင်အဖြူ မှာ  တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပင်လယ်တစ်လျှောက်ပျောက်ကွယ်နေပြီဖြစ်ပြီးကွမ်ရှီးပြည်နယ်Beibuပင်လယ်ကွေ့တစ်ခုတည်းတွင်သာအရေအတွက်ဆက်လက်တိုးပွားနေဆဲဖြစ်ပြီးယင်းသည်နောက်ဆုံးနှင့်မျှော်လင့်ချက်အရှိဆုံးမျိုးစိပ်အုပ်စုများဖြစ်နိုင်သည်ဟုဆိုသည်။

နှစ်စဉ်ဧပြီလမှ စက်တင်ဘာလအထိမှာ နွေးထွေးသောရာသီဥတုဖြစ်ပြီး လင်းပိုင်ဖြူများ၏ မိတ်လိုက်ချိန်ဖြစ်ပြီး ၄င်းတို့ ပိုမိုရွှင်မြူးသောအချိန်ကာလလည်းဖြစ်သည်။