မေလ ၂၂ ရက်က ဟော်နန်ပြည်နယ် လို့ရန်တာအိုများနေထိုင်ရာ လောင်ကျွင်း တောင်တွင် ပြုလုပ်ခဲ့သည့် အချင်း ၅ မီတာရှိ “ကမ္ဘာ့နံပါတ်တစ် ထိုက်ကျိတို့ဟူး ” အား ကျုံးထျန်းမန်ရင်ပြင်တွင်ပြသခဲ့ကြောင်း Chinanews သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းတို့ဟူးမှာ လောင်ကျွင်းတောင်ရှိဘုရားဖူးများမှလှူဒါန်းသော ကောက်ပဲသီးနှံများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပြည်သူများအား အခမဲ့မြည်းစမ်းစေခဲ့သည်။ တို့ဟူးမှာ အဝိုင်းပုံစံနှင့်အလေးချိန်အားဖြင့် ၂၁၀၀ ကီလိုဂရမ်ရှိကာ ပဲဝါ ၁၀၀၀ ကီလိုဂရမ်ကျော်အသုံးပြုခဲ့ပြီးအပေါ်တွင် ထိုက်ကျိပုံနှင့် “ကမ္ဘာ့နံပါတ်တစ် ထိုက်ကျိတို့ဟူး ” ဟူသောစာသားကို ရေးသားထားသည်။
ဒေသခံများ၏ရိုးရာအရ တို့ဟူးလုခြင်းသည် ကံကောင်းခြင်းကိုဖမ်းယူခြင်းဖြစ်ပြီး ခရီးသွားဧည့်သည်များလုယက်ခြင်းကြောင့် ယင်းတို့ဟူးပြားမှာ နှစ်နာရီအတွင်း ကုန်သွားခဲ့သည်။
တို့ဟူးနို့ခဲနှင့် အမွှေးအကြိုင်အရည်များလည်း ထားရှိပေးထားပြီး ခရီးသွားဧည့်သည်များအား Luan chuan တို့ဟူး၏ထူးခြားသောစွဲဆောင်မှုကိုခံစားရစေခဲ့သည်။ဝန်ထမ်းများ၏အပြောအရ ဧည့်သည်များထားရှိသော ပန်းကန်နှင့်တူတို့၏အကြမ်းဖျင်းစာရင်းအရ ထိုနေ့က လူပေါင်း ၅၀၀၀ ကျော်က စစ်မှန်သော Luan chuan တို့ဟူးအားမြည်းစမ်းကြည့်နိုင်ခဲ့ကြောင်းသိရသည်။
Luan chuan တို့ဟူး၏ အရသာမှာပျော့ပြောင်း၍ ကြာကြာအပြုတ်ခံကာ အရသာကောင်း၍ ခံတွင်းတွေ့သောကြောင့်နာမည်ကျော်ကြားသည်။