ပင်လယ်လိပ်အားအရှင်လတ်လတ်မျိုချခဲ့သော မိကျောင်း

2016-05-26 15:11:14 |သတင်းအရင်းအမြစ် 中华网

တောင်အာဖရိက Kruger အမျိုးသားဥယျာဉ်ရှိပင်လယ်လိပ်တစ်ကောင်မှာ မိကျောင်းပါးစပ်ထဲ အမိခံလိုက်ရပြီးနောက် သူ့ကိုယ်ခန္ဓာအားလိပ်ခွံထဲတွင်ဝှက်ထားခဲ့သောကြောင့်အစပိုင်းတွင်မိ

ကျောင်းများမှာ လိပ်အားသတ်ဖြတ်စားသောက်ရန် မည်သို့မျှမတက်နိုင်ခဲ့ပေ။ သို့သော်

ခဏအကြာတွင်၎င်းတို့ထဲမှဆာလှောင်နေသည့်မိကျောင်းတစ်ကောင်ကလိပ်ခွံထဲ့ကိုယ်တစ်ခုလုံးဝှက်ထားသည့် လိပ်ကို စိတ်မရှည်စွာအရှင်လတ်လတ်မျိုချခဲ့သည်။  ထိုအချိန်က မိကျောင်း

တစ်ကောင်သည် သူ၏ပါးစပ်ထဲ၌၄င်းလိပ်အားမေးရိုးဖြင့် ညှပ် ကာလျင်မြန်စွရေစပ်သို့ကူး

သွားခဲ့သည်။ ပင်လယ်လိပ်မှာခန္ဓာကိုယ် တစ်ခုလုံးလိပ်ခွံထဲဝင်နေခြင်း၊ အခွံများမှာအလွန်မာ

ကျောခြင်းတို့ကြောင့် ယင်းမိကျောင်းမှာ ချက်ခြင်းမစားခဲ့ပဲ့ လှည့်လည်ကိုက်ဖဲ့ခဲ့သည်။

သိပ်မကြာခင်အချိန်တွင် အခြားမိကျောင်းများမှ လိပ်ရှိရာ စီသို့ကူးခပ်လာကာ ဘေးပတ်

လည်တွင်စုဝေးနေခဲ့ကြသည်။နောက်ပိုင်းတွင်ပင်လယ်လိပ်အားမိကျောင်းများစတင်လုယက်ခဲ့ပြီးနောက်ဆုံးတွင်ဆာ လှောင်နေသည့် မိကျောင်းတစ်ကောင်က ယင်းပင်လယ်လိပ်ကို  အကောင်

လိုက်မျိုချခဲ့ကြောင်း ထိုဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံဆရာက ပြန်လည်ပြောပြခဲ့

ကြောင်း မေ၂၅ ရက် Chinanews သတင်းဌာန တွင် ဖော်ပြခဲ့သည်။