ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးပြီး တက်ကြွသော အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ခြင်းဟူသော ဆောင်ပုဒ်ထားပြီး အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့၂၅ရက်နေ့ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့တော်၌ ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးမှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဘက် အသီးသီးတို့အနေနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုးအားဖြည့်ပြုလုပ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တွန်းအားပေးသင့်သည်ဟု ဖော်ပြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။