တရုတ်ပြည်၏ One Belt and Road အဆိုပြုတင်သွင်းချက်သည်၊ ပိုင်းလမ်းမကြီး တလျှောက်လုံးကနိုင်ငံများအတွက် အခွင့်အခါသစ်ကို ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း၊ ၄င်းနိုင်ငံများအနေနှင့်၊ ယင်းအခွင့်အခါကို လက်မလွှတ်ဘဲ၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး၊ အတူဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်သင့်ကြောင်း ကာဇက်စတန်၊ လတ်ဗီးယားနှင့် တာဂျစ်ကစ္စတန် အပါအဝင် နိုင်ငံများမှ အရာရှိများက ယမန်နေ့ ၂၅ ရက်နေ့က အသီးသီးဖော်ပြခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။
အာစတာနာစီးပွားရေးဖိုရမ်ကို မေလ ၂၅ ရက်နေ့က ကာဇက်စတန်နိုင်ငံ အာစတာနာ မြို့တော်၌ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။