ကမ်းပါးပေါ်ရှိဖန်လျှောက် လမ်းပေါ်တွင်ယောဂ ကျင့်ကြသူများ

2016-05-26 09:43:00 |သတင်းအရင်းအမြစ် 中华网


CRI သတင်းဌာန၏ မေလ ၂၄ ရက်နေ့သတင်းအရ ဟူပေပြည်နယ် ရီချန်းမြို့ ချင်းကျန်းဖန်း တောင်ပေါ်အပန်းဖြေစခန်းတွင် ယောဂဝါသနာရှင် ၁၀ ယောက်ကျော်မှ ချောက်ကမ်းပါးနံရံရှိ ကျောက်လမ်းနှင့်ဖန်လျှောက် လမ်းပေါ်တွင်ယောဂပြသခဲ့ကြသည်။ ချင်းကျန်းဖန်းတောင်ပေါ် အပန်းဖြေစခန်းရှိ ချောက်ကမ်းပါးတွင် အောက်ခြေမှ ၁၆၆ မီတာမြင့်သ了ည့်ဖန်လျှောက်လမ်းရှိပြီး “ Skylark Road ” ဟုနာမည်ပေးထားသည်။ဖန်သားဖြင့်ပြုလုပ် ထားသည့်ယင်းဖန်လျှောက် လမ်းကို သံကူကွန်ကရိဘောင်ဖြင့်ဖွဲ့စည်း ထားပြီး သံမဏိ ဘောင်ပေါ်တွင် ၃.၂ စင်တီမီတာအထူရှိ သော ဖန်နှစ်ထပ်အပြားဖြင့်အားဖြည့်ထားပြီး တစ်စတုရန်းမီတာတိုင်း ၃၅၀ ကီလိုမီတာ ခံနိုင်ဝန်ရှိပြီး တစ်စတုရန်းမီတာတိုင်းအရွယ်ရောက်သောလူ ၇ ဦးတစ်ပြိုင်တည်းဖြတ်သန်း သွားလာနိုင်ကာ အန္တရာယ်များပြီး စိတ်လှုပ်ရှာဖွယ်ကောင်းသော်လည်း အလွန်လုံခြုံကြောင်းသိရသည်။ 


မေတံခွန် ( china.com )