နေပြည်တော်၊မေလ ၂၅
အမျိုးသားလွတ်တော်ဥပဒေကြမ်းကော်မတီကယခင်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်က ပြဌာန်းခဲ့သည့် ရန်ကုန်မြို့ တော် စည် ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းရန် ယနေ့(မေ ၂၅ )ပြု လုပ်သော အမျိုးသားလွတ်တော်အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး မူလဥပဒေကို ၁၉၉၀ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက် ရေး အဖွဲ့ ဥပဒေအမှတ် ၁၁/ ၁၉၉၀ ဖြင့် ပြဌာန်းခဲ့ပြီး ယခုအခါ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်က ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကိုရေး ဆွဲပြဌာန်းပြီးဖြစ်၍ ယင်းဥပဒေကိုဆက်လက်ပြဋ္ဌာန်းရန်မသင့်သည့်အတွက်ကြောင့် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေ ကိုပြန်လည်ရု့ပ်သိမ်းသည့် ဥပဒေကြမ်း အစီရင်ခံစာ တင်ပြရခြင်းဖြစ်ကြောင်း အမျိုး သား လွတ်တော်ဥပဒေကြမ်းကော်မတီဧ။် လေ့လာတွေ့ ရှိချက်အစီရင်ခံတွင်ဖော်ပြထားသည်။အမျိုးသားလွတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်က ပြဌာန်းခဲ့သည့် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ တွင် ပါဝင်ပြဌာန်းပြီး ဖြစ် သည့်အတွက် ယခင် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေ ကိုပြန်လည်ရု့ပ်သိမ်းခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
“ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ မှာ ပါပြီးတော့ သူ့တိုင်းဒေသကြီးလွတ်တော်တွေက ပြဌာန်းပြီးနေပြီ ။သို့သော် တိုင်းဒေသကြီးလွတ် တော် တွေက ပြည်ထောင်စုလွတ်တော်အဆင့်ရှိတာပေါ့နော့် ဟိုအရင်ခေတ် လွတ်တော်တွေမရှိတုံးက လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ်က ဥပဒေပြုရေးတာဝန်ကို သူတို့က ယူထားတယ် ရန်ကုန်စည်ပင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ကယူ ထားတယ် ဒီ ဥပဒေကြီးက အပြိုင်ဖြစ်နေတယ် အပြိုင်ဖြစ်နေတော့ ဒီ ဥပဒေကို ရုပ်သိမ်းဖို့ဆိုတာ တိုင်းဒေသကြီးလွတ်တော်က ရုပ်သိမ်းပေးလို့မရဘူး။ ဒါကြောင့် အဲဒီ ဥပဒေကို ရုပ်သိမ်းဖို့ အမျိုးသား လွတ်တော်က ဆောင်ရွက်ပေးရတာ “ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေ ကိုပြန်လည်ရု့ပ်သိမ်းသည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွတ်တော် ဥပဒေကြမ်းကော်မတီဝင် တပ်မတော်သားလွတ်တော် ဗိုလ်မှူးချုပ် ခင်မောင်အေးက ဥပဒေကြမ်းကော်မတီဧ။် အစီရင်ခံစာကို မေလ ၂၅ ရက် ကကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွတ်တော် ပထမပုံမှန်အစည်းအဝေး (၂၉)ရက်မြောက်အစည်းအဝေး၌ တင်ပြဆွေး နွေးခဲ့ပြီး ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွတ်တော်ကိုယ်စားလှယ်များရှိလျှင် မေလ ၃၀ ရက် နေ့နောက်ဆုံးထား၍ အမျိုးသားလွတ် တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ အမည်စာရင်းပေးသွင်းနိုင်ကြောင်း အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ဖိုးသားကြီး