ရွေစည်းခုံစေတီ ရင်ပြင်တော်ရှိဘုရင့်နောင်မင်းတ ရားကြီး လှူဒါန်းခဲ့သည့် ခေါင်းလောင

2016-05-27 09:32:19 |သတင်းအရင်းအမြစ် 中华网

ရန်ကုန် မေ ၂၆

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရက် ၁၀၀စီမံချက် အနေဖြင့် ပုဂံညောင်ဦးမြို့ ရွေစည်းခုံစေတီ ရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းခဲ့သည့် ဘာသာစကားသုံးမျိုးဖြင့်ရေးထိုးထားသည့် ခေါင်းလောင်းကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ရေး လုပ်ဆောင်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦး က ဆိုသည်။

“ဒီခေါင်းလောင်းကြီးကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသွင်းဖို့ဆောက်ရွက်နေပါတယ်။

ကမ္ဘာ့အမွေအနှစ် လိုဂိုစိုက်ထူခြင်းကတော့ မြစေတီ ဘုရားရင်ပြင်မှာရှိတဲ့ ရှေးဟောင်းသုတေသန ပြတိုက်ထဲက မြစေတီကျောက်စာတိုင်အနားမှာ စိုက်ထူသွားပါမယ်။

ဒါဟာ ရက်၁ဝဝ အတွင်း ပထမဆုံးဆောင်ရွက်သွားမယ့် ကိစ္စဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ရက်၁ဝဝ စီမံကိန်းတွင် ဘုရင့်နောင်ခေါင်းလောင်းကြီး အပြင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် နေအိမ်ကို ပြင်ဆင်ရေး၊ မန္တလေးမြို့၊ မန္တလေးယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင်ရေးတို့ ပါဝင်ကြောင်းသိရသည်။

ယူနက်စကို ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည့် ကမ္ဘာတစ်ဝန်းရှိ မှတ်တမ်းအမွေအနှစ်များကို ထိန်းသိမ်းနေပြီး မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၁ခုနှစ်တွင် စတင်ပါဝင်ခဲ့ကာ ပထမဆုံးအနေဖြင့် ၂၀၀၃ခုနှစ်တွင် မန္တလေး ကုသိုလ်တော်ကျောက်စာ မှတ်တမ်းဝင်ခဲ့ပြီး၊ ဒုတိယအနေဖြင့် ၂၀၁၅ခုနှစ်တွင် မြစေတီကျောက်စာ ခေါ် ရာဇကုမာရ်ကျောက်စာတို့ ကမ္ဘာ့အမွေ အနှစ်စာ ရင်း ဝင်ခဲ့ ကြောင်းသိရပြီး တတိယ အနေဖြင့် ဘာသာသုံးမျိုးဖြင့်ရေးထိုးထားသည့် ဘုရင်နောင်မင်းတရားကြီး လှူဒါန်းခဲ့သည့် ရွေစည်းခုံ စေတီရင်ပြင်တော်ရှိ ခေါင်းလောင်းကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။

 

အောင်သော်ဖြိုး