မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်ရေးနိုင်ငံခြား အကူအညီရယူရန်လိုအပ်ဟု တရုတ်သံ

2016-05-27 09:55:55 |သတင်းအရင်းအမြစ် 中华网

ရန်ကုန် မေ ၂၆ 


အရှေ့တောင်အာရှတွင် ခရီးသွားလာရေးကဏ္ဍ တိုးတက်လာဖွယ်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အဦးများ တည်ဆောက်ရေး စသည့် ကိစ္စရပ်များအတွက် ခရီးသွားကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတနိုင်ငံသံအမတ်ကြီး Mr. Hongliang ဆိုသည်။“ဖွံဖြိုးဆဲနိုင်ငံတွေဟာ ခရီးသွားလာရေးမှာ မြုပ်နှံဖို့အတွက် ငွေကြေးမလုံလောက်ကျပါဘူး ဒါကြောင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုဖိတ်ခေါ်ဖို့လိုအပ်ပါတယ်။တချို့မြန်မာပြည်သူတွေကထင်မြင်ယူဆနေတာကနိုင်ငံခြားကလူတွေကမြန်မာနိုင်ငံကအကျိုးအမြတ်တွေကိုလာယူနေတယ်ဆိုတဲ့ထင်မြင်ယူဆ

ချက်တွေရှိနေပါတယ်။ ဒီလိုအမြင်နေတွေကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ၃၈နှစ် တရုတ်ပြည်မှာ တံခါးဖွင့်မူဝါဒကျင့်သုံးတဲ့ အချိန်တုန်းက တရုတ်ပြည်သူတချို့လည်း ဒီလိုမျိုးထင်မြင်ယူဆချက်တွေရှိခဲ့ပါတယ်။ ဒါဆိုရင် အဲ့လို အထင်ကွဲလွဲမှုကို ဖယ်ဖျောက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ပိုမိုတိုးတက်အောင်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။
တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံကြား ခရီးသွားလုပ်ငန်းပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေးသည် နှစ်နိုင်ငံ အစိုးရကြား အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ခရီးသွား လုပ်ငန်းပိုမိုတိုးတက်လာရေးအတွက် အခြေခံအဆောက်အဦးများကို တိုးမြှင့်ခြင်းနှင့် ခရီးသွားလာမှု ကုန်ကျစရိတ်သက်သာအောင် ဆောက်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်း အနာဂတ်သည် ကောင်းမွန်ကြောင်း ၎င်းကဆိုသည်။ 
အစိုးရသစ်လက်ထက် ဟော်တယ်နှင့်ခရီးသွားလာရေး လုပ်ငန်းအနေဖြင့်ြ့မန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေ အသစ်ရေးဆွဲရန် ရက်၁ဝဝစီမံချက်ဖြင့်ဆောင်ရွက်နေသလို ဧည့်လမ်းညွန်များ ပိုမိုအဆင့်တိုးတက်စေရေး၊ ဟော်တယ်များ အဆင့်မြှင့်တင်ရေး နှင့်အတူ နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်မှု အဆင်ပြေစေရေးအတွက် ပြည်ထောင်စုဝန်ကြီးပါဝင်သည့် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ လုပ်ဆောင်နေကြောင်း သိရသည်။
အောင်သော်ဖြိုး