မန္တလေး မေ ၂၆
မြို့လူထုစိုးရိမ်ပူပန်လျက်ရှိသည့်ဘက္ထရီပန့်အသုံးပြုမိုဘိုင်းစက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍သတိပေးပြောဆိုရက်ကုန်သွားပြီဖြစ်သဖြင့်ဖမ်းဆီးအရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းမန္တလေးခရိုင်အထွေထွေအုပ်ချုပ်မှူးရုံးထံမှသိရသည်။
ယမန်နှစ်ရွေးကောက်ပွဲကာလမတိုင်မီကတည်းက ခရိုင်အနှံ့ပေါ်ပေါက်လာသည့် ဘက္ထရီပန့်အသုံးပြုမိုဘိုင်းစက်သုံးလောင်စာဆီ လှည့်လည်ရောင်းချခြင်း၊ ရပ်ကွက်
တွင်းဘက္တရီပန့်အသုံးပြုဆိုင်တည်ရောင်းချခြင်းတို့ကြောင့်မီးဘေးအန္တရာယ်စိုးရိမ်နေကြ
သူများက သတင်းမီဒီယာကတစ်ဆင့်ပြောဆိုခြင်း၊သက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြ
တိုင်ကြားခြင်းတို့ရှိခဲ့သော်လည်း ယခုချိန်ထိ ဖမ်းဆီးအရေးယူခြင်းမရှိသးကြောင်း ဒေသခံတို့ကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူသတိပေးခြင်းများဆောင်ရွက်လျက်ရှိပြီး တရားမ၀င်ရောင်းချသည့်ဆိုင်များတွေ့
ရှိပါက သက်ဆိုင်ရာရုံးအလိုက်ဆက်သွယ်တိုင်ကြားနိုင်ကြောင်းခရိုင်ထွေ/အုပ်ရုံး
အဆင့်မြင့် အရာရှိတစ်ဦး ကပြောကြားသည်။
လက်ရှိအခြေအနေတွင် ရပ်ကွက်တွင်းတရားမ၀င်အရောင်းဆိုင်များအားမြို့တွင်း
မြို့ပြင်နေရာအနှံ့အပြားတွေ့ရှိနေရပြီး၎င်းတို့ပြောစကားအရလစဉ်ကြေးပေး၍လုပ်ကိုင်
ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်းသိရသည်။
ကျော်ထွေး