ရန်ကုန် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက် BRTယာဉိလိုင်းကဲသို့ အစိုးရပိုင် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မေလ ၂၆ရက်က ပြု လုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (စတုတ္ထနေ့)တွင်ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားမှုမှာ လသာမြိုနယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် မှ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြည်သူများသွားလာရေး အခက်အခဲများလျှင် မြန်စွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ အစိုးရပိုင်/အများပိုင် ယာဉ်လိုင်းများ ဆောင်ရွက်ရန် အစီစဉ်ရှိမရှိ မေးခွန်းမေးမြန်းမှုကို ပြန်လည်ဖြေ ကြားခြင်း ဖြစ်သည်။
''ရန်ကုန်ကလူဦးရေ ၅၀ရာခိုင်နှုန်းကနေ ၈၀ရာခိုင်နှုန်းက နေ့စဉ်ဘတ်စ်ကားကို မှီခိုနေရတာ၊ အခုပုဂ္ဂလိပိုင် ယာဉ်လိုင်းတွေ ကအုံနာကြေးနဲ့သူတို့ဝင်ငွေရဖို့ အပြိုင်အဆိုင် ပြေးဆွဲနေတာကြောင့် မှတ်တိုင်ကျော်ပြီး ကား ရပ်တာတွေ၊၊မင်းမဲ့စရိုက်ဆန်ဆန် ယာဉ်မောင်း အချင်းအချင်း ရန်ဖြစ်တာတွေ၊ခရီးသည်တွေကို မချေမငံ ဆ က်ဆံတာတွေကို နေ့စဉ်နဲ့ အမျှ ခံစားနေရတာဖြစ်တဲ့အ တွက် အများပိုင် သို့မဟုတ် အစိုးရပိုင် ယာဉ်လိုင်း တွေ ထပ်မံပြေးဆွဲဖို့ လိုအပ် ပါတယ်၊ဒါကြောင့် အများပိုင် ယာဉ်လိုင်းတွေ ထပ်မံပြေးဆွဲ ဖို့ရှိမရှိ သိရှိလိုပါတယ.်''ဟု လသာမြိုနယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် ကလွှတ်တော်သို့ မေးမြန်းခဲ့သည်။
လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်မှ ပြန်လည် ဖြေကြားမှုတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရပိုင် အများပိုင်ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲရန် ရှိကြောင်းကို ''အခုလည်း စမ်းသပ်ပြေးဆွဲနေတဲ့ BRT ယာဉ်လိုင်း တစ်လိုင်းရှိပါ တယ်၊၊ထောက်ကြံ ကနေ၊ ပြည်လမ်း၊ကိုဖြတ်ပြီး၊့ မြို့တွင်းကို ပြေးဆွဲလျက်ရှိတယ်၊၊လက်ရှိပြေးဆွဲနေတဲ့ BRTယာဉ်လိုင်း ကတော့ အစိုးရကဦးဆောင်သော အများပိုင်ကုမ္ပဏီဖြစ်ပါတယ်၊ပြေးဆွဲ့ယာဉ်လိုင်း၊ နောက်ထပ်လည်း အစိုးရက ဦးဆောင်သောအများပိုင် ယာဉ်လိုင်းတွေကို ဖွဲ့စည်းပြီးတော့ အခုပြေးဆွဲနေတဲ့ ယာဉ်တွေကို အဒီယာဉ်လိုင်းအောက်မှာ ထည့်ပြီး ဆောင်ရွက်သွားရန် အစီစဉ်ရှိပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ BRTယာဉ်လိုင်းကို ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီ ၇ရက်တွင် ယာဉ်အစီးရေ ၄၅စီးဖြင့် စတင်ပြေးစွဲခဲ့ ပြီး ပြည်သူများစီးနင်းသူများသော ကြောင့် လာမည့်ရက်ပိုင်းတွင် အစီးရေ ၂၀အထိ တိုးချဲ့ ပြေးဆွဲရန် ရှိကြောင်း သိရသည်။
ဖြိုးဝေအောင်