ဂျီ7ထိပ်သီးအစည်းအဝေး စတင်ကျင်းပ

2016-05-27 10:21:45 |သတင်းအရင်းအမြစ် 国际在线

ဂျီ7ထိပ်သီးအစည်းအဝေးကို ၂၆ရက်နေ့တွင် ဂျပန်နိုင်ငံ Mie-kenပြည်နယ် Ise Shimaတွင် စတင်ကျင်းပကြောင်း၊ ၄င်းအစည်းအဝေးတွင် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ဒေသတွင်း အခြေအနေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ဖွယ်ရာရှိကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် အစည်းအဝေးတွင် ဂျီ7၏ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုကို ပြသရန် မျှော်လင့်သည်ဟု ဂျပန်က မျှော်လင့်ကြောင်း၊ အပေါ်ယံ ကြည့်လျှင် ၇နိုင်ငံတို့ သွေးစည်း ညီညွတ်မှု ရှိသော်လည်း နောက်ကွယ်မှာ ကြံဆချက် ကိုယ်စီရှိပြီး ငွေလဲလှယ်နှုန်း၊ ရုရှား အပေါ် သဘောထားနှင့် တောင်ပင်လယ် အခြေအနေ ပြဿနာ၃ခု အပေါ် သဘောကွဲလွဲမှု များစွာရှိသည်ဟု ပညာရှင်များက ယူဆကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသား ဖော်ပြသည်။

ယခုလ ၂၁ရက်နေ့က ဂျီ7ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ အစည်းအဝေးကို ဂျပန် နိုင်ငံတွင် ရုပ်သိမ်းခဲ့ကြောင်း၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ကနေဒါနှင့် ဂျပန် ၇နိုင်ငံတို့သည် ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာရေး ဆောင်ရွက်ချက်များ အပါအဝင် သော့ချက်ကျသော အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိကြောင်း သိရသည်။

လွန်ခဲ့သော ၁၉၉၀ပြည့်နှစ်က ဂျီ7သည် ရုရှားကို ပါဝင်ရန် လက်ခံပြီး ဂျီ8ဖြစ်လာကြောင်း၊ ၂၀၁၄ခုနှစ်က ယူကရိမ်း အကျပ်အတည်းကို အကြောင်းပြုပြီး အမေရိကန်နှင့် ဥရောပသည် ရုရှား အပေါ် အရေးယူမှုကို ကျင့်သုံးသည့် အတွက်ကြောင့် ရုရှားသည် ဂျီ8ထိပ်သီးအစည်းအဝေးသို့ ပါဝင်ခြင်း မရှိတော့ကြောင်း သိရသည်။

ယခုနှစ် ဧပြီလက အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးများသည် ရုရှား အပေါ် တင်းမာသည့် သဘောထား ဖော်ပြခဲ့ကြောင်း၊ သို့သော် ဂျာမဏီနှင့် ပြင်သစ် နိုင်ငံ၏ သဘောထားသည် အနည်းငယ် ပျော့ပြောင်းလာကြောင်း၊ အကြောင်းရင်းမှာ အမေရိကန်နှင့် နှိုင်းယှဉ်ကြည့်လျှင် ပထဝီ အနေအထားအရ ဂျာမဏီနှင့် ပြင်သစ်သည် ရုရှားနှင့် ပိုမိုနီးကပ်ပြီး စွမ်းအင်နယ်ပယ်တွင် ရုရှား အပေါ် မှီခိုအားထားနေရသည့် အတွက်ကြောင့် ဖြစ်ကြောင်း ပညာရှင်များက ယူဆကြသည်။

 တရုတ်ပြည်ရှန်ဟိုင်းကျောထုံးတက္ကသိုလ် ဂျပန်ရေးရာ သုတေသနဌာန ဌာနမှူး ဝမ်ရှောက်ဖူက အမေရိကန်သည် အာရှနှင့် ပစိဖိတ်ဒေသတွင် ညီမျှရေး မဟာဗျူဟာကို လက်တွေ့ဖော်ဆောင်နိုင်အောင် တောင်ပင်လယ် ရေးရာတွင် ဂျပန် ဝင်ရောက်စွက်ဖက်ရန် တလျှောက်လုံး အားပေးထောက်ခံကြောင်း၊ သို့သော် အဓိက ဥရောပ နိုင်ငံများသည် တောင်ပင်လယ်ပြဿနာ ဆိုင်ရာ ဂျပန်၏ သဘောထား ရပ်တည်ချက်ကို မထောက်ခံ ကြောင်း ယူဆသည်။