လာအိုနိုင်ငံတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ်-အာဆီယံ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်နေသော တရုတ်နိုင်ငံတော် ကောင်စီဝင် ကာကွယ်ရေးဝန်ကြီး ချမ်ဝမ့်ချွမ်သည် ၂၄ ရက်နေ့ ညက ဗီယင်ကျန်းမြို့တော်၌ မြန်မာနိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီးချမ်းဝမ့်ချွမ်က တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တွန်းအားပေးရေးမှာ နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် နိုင်ငံတကာနှင့် ဒေသတွင်း အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိကြောင်း ပြောကြားပါသည်။
ဝန်ကြီးစိန်ဝင်းက မြန်မာသည် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အလွန် တန်ဖိုးထားပြီး စစ်ရေးလေ့ကျင့်မှုနယ်ပယ်တွင် တရုတ်ပြည်၏ ကူညီပံ့ပိုးမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။
ထို့ပြင် နှစ်ဖက်တို့က တောင်ပင်လယ်ပြဿနာ အပါအဝင် အများတကာ အာရုံစိုက်ကြသောဒေသတွင်း ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။