G20ထိပ်သီးအစည်းအဝေးကိုယခုနှစ်စက်တင်ဘာလ၄ရက်နေ့နှင့်၅ရက်
နေ့တွင် တရုတ်ပြည် ဟန်ကျိုးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယခုအကြိမ် အစည်းအဝေး၏ သဘာပတိနိုင်ငံဖြစ်ကြောင်း၊ယနေ့၂၇ရက်နေ့တွင်
ဟန်ကျိုး G20ထိပ်သီးအစည်းအဝေး ကျင်းပရန် ရက်၁၀၀လိုတော့ကြောင်း၊ ယမန်နေ့ ၂၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်တွင်း
ပြည်ပမီဒီယာ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် G20ထိပ်သီး အစည်းအဝေးဆိုင်ရာ ပြင်ဆင်ရေးအခြေအနေနှင့် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို မိတ်ဆက်ခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။
သဘာပတိနိုင်ငံအနေနှင့် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနာလန်ပြန်
ထူရေး အတွက် ပိုမို ကြီးမားတက်ကြွသည့် အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်
မည်ဖြစ်ကြောင်း၊ G20 ထိပ်သီး အစည်းအဝေးကျင်းပရန် တရုတ်ပြည်ရော ဟန်ကျိုးမြို့ပါ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့ပါသည်။