ရှီကျင့်ဖိန်နှင့် မွတ်ခါကြည် တွေ့ဆုံဆွေးနွေး

2016-05-27 17:16:10 |သတင်းအရင်းအမြစ် 中华网

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၂၆ရက်နေ့ကပီကင်းတွင်အလည်

အပတ် ရောက်ရှိလာသော အိန္ဒိယ သမ္မတ မွတ်ခါကြည်နှင့် တွေ့ဆုံဆွေးနွေး

ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မကြာမီနှစ်များက တရုတ်-အိန္ဒိယ ဆက်ဆံမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သော အချိန်ကာလ

သို့ ဝင်ရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံသည် တရုတ်-အိန္ဒိယ ဆက်ဆံမှုဖွံ့ဖြိုး、တိုးတက်ရေး ဦးတည်ချက်ကို စွဲကိုင်ပြီး အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်း ဆောင်ရွက်

ရေးမူကိုလည်း စွဲကိုင်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကို တိုးချဲ့၍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပိုမိုများပြားသည့် အချက်များကို ရှာကြံပြီး တရုတ် -အိန္ဒိယ ဆက်ဆံမှု ပိုမိုကောင်းမွန်လျင်မြန်စွာ ဖွံ့ဖြိုး

တိုးတက်နိုင်အောင်နှင့် နှစ်နိုင်ငံ ပြည်သူ များအတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုကို ဖန်တီးပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

    သမ္မတ မွတ်ခါကြည်က အိန္ဒိယ အနေနှင့် နှစ်နိုင်ငံ ဆက်ဆံမှုကို တစ်ဆင့်တိုး ဇောက်ချပြုလုပ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး အပါအဝင် နယ်ပယ်များတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်ပြုလုပ်ကာ ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုကိုလည်း အားဖြည့်ဆောင်ရွက်ပြီး နိုင်ငံတကာ ရေးရာများတွင် ဆက်ဆံမှု နှင့် ညှိနှိုင်းဆောင်ရွက်မှုကို နွေးထွေးစွာ ပြုလုပ်လိုကြောင်း ပြောကြားသည်။

    ခေါင်းဆောင်၂ဦးတို့က တရုတ်-အိန္ဒိယ အကြား ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန် နည်းယူလေ့လာရေး အစဉ်အလာကို ရှင်သန်ထက်မြက်စေအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ အကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကာ တရုတ်-အိန္ဒိယ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ တွန်းအားပေးရန် အတွက် လက်တွဲကြိုးပမ်းကြရန် သဘောတူကြောင်း ဖော်ပြသည်။