မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီကို ပြန်လည် ဖွဲ့စည်းမည်ဟု ၂၇ ရက်နေ့က ကော်မတီ အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယင်းသည် ၄င်းက ပထမဆုံးအကြိမ် ကော်မတီ ဥက္ကဋ္ဌ အဖြစ် စကားပြောကြားခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီသည် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်၌ အစည်းအဝေး ကျင်းပပြီး ပြန်လည်ဖွဲ့စည်းရေး အကြောင်းကို ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။