ရန်ကုန် မေ ၂၈
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော ဆန်စပါးကဏ္ဍကို လက်ရှိ ဆန်တင်ပို့နေသည့် နိုင်ငံများအပြင် ဈေးကောင်းရရှိနိုင်သည့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်ဆောင်ရွက်နေ ကြောင်း စီပွာရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။
"ပုံမှန်တင်ပို့တာကတရုတ်ပေါ့။အဓိက တန်ဖိုးမြှင်တင်ပို့ဖို့အတွက် ဈေးကောင်းရမယ့် နိုင်ငံတွေကို စမ်းပြီးလုပ်နေတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အ တွင်းဝန် ဦးခင်မောင်လွင် ကပြောကြားသည်။
လက်ရှိအချိန်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ၂၀၁၉ ခုနှစ်ထိ သုံးနှစ်စာအတွက် တစ်လျင် ဆန်တန်ချိန် ငါးသိန်း တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုရန်ဆောင်ရွက်နေပြီး ကိုရီးယားနှင့်လည်း ဆန်တင်ပို့မူအတွက် စာချုပ်ချုပ်ဆိုနိုင် ရန်ဆောင် ရွက်နေကြောင်း ဦးခင်မောင်လွင်ကပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံမှ တင်ပို့နေသည့် ဆန်အရည်သွေးသည် ဒေသတွင်း ဆန်တင်ပို့ နေသည့် ဗီယက်နမ်နှင့်ထိုင်းနိုင်တို့မှ တင်ပို့နေသည့် ဆန်အရည်သွေးနှင့်နှိုင်းယှဉ် ပါက နိမ့်ကျနေသေးကြောင်း သိရသည်။
ဖြိုးဝေအောင်