အကြိမ် ၂၀ မြောက် တရုတ် နိုင်ငံတကာ ဆော့ဝဲယား ကုန်စည်ပြပွဲကို ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်ပြည် ပီကင်းမြို့၌ ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
၁၂ ခုမြောက် ငါးနှစ်စီမံကိန်း ကာလအတွင်း တရုတ်ပြည်၏ ဆော့ဝဲယား ထုတ်လုပ်မှု ဝင်ငွေမှာ ၂၀၁၀ ပြည့်နှစ်က ယွမ် ဘီလီယံ ၁၃၀၀ ရှိရာမှနေ၍ ၂၀၁၅ ခုနှစ်က ဘီလီယံ ၄၃၀၀ အထိ တိုးများလာကာ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၂၇ ရာခိုင်နှုန်း ရှိကြောင်း သတင်းရရှိပါသည်။